ကျေးဇူးပြု၍...

3.8K 79 23
                                    

ကျတော်ဂေါ်ဇီ့ကိုရေးမယ်ဆိုပြီး ဖွင့်တာ web ကော ဖုန်းထဲမှာပါဝင်မရပဲ glitch နေတာ ၅ရက်ကျော်ပါပြီ။ Mail ထဲကိုလဲ report ထုခံရလို့ investigate လုပ်နေကြောင်းဝင်ပါတယ်။

ကျတော့်ဘက်ကတော့ ရေးပြီးထားသမျှတွေအကုန် backup ယူထားတော့ ပြဿနာမရှိပေမဲ့ အသစ်ရေးထားတဲ့ အပိုင်းလေး ၃ပိုင်းကတော့ ဘယ်လိုမှပြန်အဖတ်ဆယ်မရတာတော့ တော်တော်လေးနှမြောမိတယ်။

ကျတော်လဲ အားယားနေတဲ့သူမဟုတ်ပါဘူး၊ ဝါသနာအရ စာရေးချင်လို့ကို အအားရတဲ့အချိန်လေးကိုဖဲ့ပြီး ရေးနေတာပါ။

အနုအရွလေးရေးတာမကြိုက်လို့ အပြာစာလို့ ခေါင်းစဉ်တပ်ပြီး ပွင့်ပွင့်လင်းလင်းရေးပါတယ်။ သတိပေးစာတွေ tag တွေအပြင် title နဲ့ cover မှာပါ age rating ကိုသေချာထည့်ထားတာပါ။

မကြိုက်ရင် မဖတ်ပါနဲ့၊ လာဖတ်ပါလို့ ဘယ်သူ့ကိုမှ ကျတော် လိုက်ဖိတ်ခေါ်နေတာမဟုတ်ပါဘူး။ ကျတော် ဘယ်သူ့ကိုမှလဲ သားပြောမယားပြော စော်ကားပြီးလိုက်မပြောပါဘူး။

ကိုယ့်ဘောင်ထဲက ကိုယ်နေတာပါ။ ခင်ဗျားတို့လဲ ဘောင်ထဲမှာနေကြပါ၊ အကောင့်ထဲထိ တကူးတကလာဆဲတာကတော့ စားတယ်ဗျာ။ erotica(အပြာစာ) ဆိုတာ နိုင်ငံတိုင်းမှာ version မျိုးစုံနဲ့ရှိပါတယ်။ ကျတော်ရေးလိုက်လို့လဲ ဘယ်သူ့ကိုထိခိုက်ပါစေဆိုပြီးရေးနေတာမဟုတ်ပါဘူး။

ဒီခေတ်ကြီးထဲ ဒီစကားတွေပြောရတာအံ့ဩတယ်ဗျာ။ မကြိုက်ရင် ကျော်သွား၊ မသတီရင်လှည့်ကိုမကြည့်ပါနဲ့။ အာရုံတော့ လာမစားနဲ့ပေါ့ဗျာ ပူရအိုက်ရတဲ့အထဲ အပူတွေထပ်ယူချင်နေပြန်ပြီ။

ဘဝမှ တဒင်္ဂလေးဆုံတွေ့ကြတဲ့ သူတွေကြီးမလို့ ဒီတိုင်းလေးကျော်သွားတာက နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမှာပါ။

လူ့ဘဝကြီးကတိုတော့ ကိုယ်သဘောကျလေးတွေလုပ်ရင်း အပန်းဖြေကြပါလား။

ကျတော်လား ... ကျတော်ကတော့ ရေးချင်တာကို ဆက်ရေးနေမှာပါ။

//////////












(21+) ဂေါ်လီကြိုက်တဲ့ဂေါ်ဇီWhere stories live. Discover now