9

644 56 9
                                    

(For Hearin's feeling)


Unicode

"Ha Rinလေး...  ဖွားဖွားမေးမယ် ။
သေချာနားထောင်နော်။"

"ဟုတ်"

ဂျာအွန်း မရှိတုန်း ဟာရင်းလည်း
ဖွားဖွားဆီ ထွက်လာခဲ့လိုက်သည်။
ဖွားဖွားဆီ မရောက်ဖြစ်တာ ကြာပြီးမို့..

"ဟာရင်းလေး တကယ်ဘဲ အဲ့ကလေးမ
လေးကို ဘဝပျက်အောင် လုပ်ချင်နေ
တာလာ။ သူ့အဖေကြောင့်နဲ့လေ။ "

သူမရဲ့ မြေးမလေးဟာ တွေဝေစွာ
ဘာမှမဖြေ။ Mrs.Beak သက်ပြင်းချ
လိုက်ကာ...

"တကယ်မနှိပ်ဆက်ရက်ဘဲ သူ့ကိုအနား
မှာ ဆွဲမထားပါနဲ့ ဟာရင်းရယ်။
ဟာရင်းလေးဘဲ စိတ်သောကရောက်ရ
မယ်။ ဟာရင်းဖြစ်စေချင်ရင်လေ
ဖွားဖွားက အခုချက်ချင်း
Myeong Tae Junဆိုတဲ့ကောင်ကို
လမ်းဘေးခွေးဘဝရောက်သွားအောင်
လုပ်ပေးနိုင်တယ်။"

"မဟုတ်ဘူး ဖွားဖွား။ သမီး သူ့ကို
နှိပ်ဆက်မှာ။ သူ့ ဘဝတစ်ခုလုံး ပျက်စီး
သွားအောင်လုပ်မှာ။ ဒါမှ ဟိုလူကြီး
လည်း စိတ်ရောလူပါ သောကရောက်
မှာ။ သမီး ဒက်ဒီ ရဲ့ သေဆုံးမှုအတွက်၊
သမီးရဲ့ အရှက်တရားအတွက်
ဒီလောက်တော့ သမီးလုပ်မှကိုဖြစ်မှာ။"

မျက်ရည်စက်များ ကျလာသည်မို့
ဟာရင်း ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်
သည်။

"ဒါဆိုလည်း ဖွားဖွား မတားတော့ပါ
ဘူးကွယ်။ အခြေအနေတွေအားလုံး
ပြီးရင်တော့ Beak gpရဲ့ ဆက်ခံသူအ
ဖြစ် လူလုံးထွက်ပြရမယ်နော်။ ဖွားဖွား
လည်း အသက်ကြီးနေပြီး။"

ဟာရင်း ဖွားဖွားကို ဖက်လိုက်ကာ...

"ဟုတ်ကဲ့ပါ ဖွားဖွား။ ဒါပေမဲ့ ဟာရင်း
ရဲ့ ဖွားဖွားက နုပျိုနေတုန်းပါဘဲနော်။"

"အတတ်ကလေး။"

ဖွားဖွားက ပြုံးကာဆိုတော့ ဟာရင်း
လည်း ရယ်မိပါသည်။








"Hwang Jiseok ဆိုတော့ကောင်လေး
က သမီးကို မြင်မြင်ချင်း သဘောကျ
မိလို့ ဖေဖေ့ဆီမှာ သမီးကို လက်ထပ်
ချင်ကြောင်း ခွင့်လာတောင်းတယ်။
ဖေဖေကတော့ လုပ်ဖော်ကိုင်ဖက်ရဲ့
သားလည်း ဖြစ်ပြီး လူရည်မွန်လေး
လည်းဖြစ်တော့ လက်ခံတယ်လို့ပြော
လိုက်တယ်။ သမီး မငြင်းရဘူးနော်။"

𝘌𝘯𝘥𝘭𝘦𝘴𝘴 𝘓𝘰𝘷𝘦 𝘍𝘳𝘰𝘮 𝘛𝘩𝘦 𝘋𝘢𝘳𝘬𝘯𝘦𝘴𝘴  ✔Where stories live. Discover now