15

438 55 10
                                    

Unicode

"ကျွန်တော်က ဒီနေရာမှာ ရှယ်ယာ
အများဆုံးပိုင်ဆိုင်ထားသူပါ။
ဘာကိစ္စနေရာဖယ်ပေးဖို့ လိုအပ်မှာ
လဲ။"

အစည်း​အဝေးခန်းမှာ Mr.Myeongရဲ့
အသံမှလွဲရင် အပ်ကျသံတောင် မရှိ
အောင် တိတ်ဆိတ်လွန်းသည်။ အားလုံး
ကလည်း ဘုတ်အဖွဲ့ဝင်တွေက ချက်
ချင်း အစည်းအဝေးလုပ်မယ်ဆိုလို့သာ
ရောက်လာခဲ့ကြတာ။ ဘာကြောင့်ခေါ်
ကြမှန်း တိတိကျကျ မသိကြချေ။

"မကြာခင်မှာ ခင်ဗျားရဲ့အဲ့ဒီပိုင်ဆိုင်
မှုတွေက အစိုးရပိုင်ဖြစ်သွားမှာမို့လို့
ပါ။"

ဆံပင်ကို လှန်တင်ပြီးဖြီးထားသည့်
ခန့်ညားသော လူငယ်တစ်ယောက်က
ဝင်ပြောလာသည်။ တစ်ခါမှ မတွေ့ဖူး
သည့်အတွက် Myeong Tae Jun
မျက်မှောင်ကုတ်ကာ ထိုလူငယ်လေး
ကို ကြည့်နေမိသည်။

"မင်းက ဘယ်သူလဲ။"

"အချိန်မကြသေးလို့ပါ။ နောက် ငါး
မိနစ်လောက် ထပ်စောင့်ပေးပါ။ အဲ့
အခါကြရင် ကျွန်တော် ဘယ်သူလည်း
မိတ်ဆက်ပေးပါ့မယ်။"

"ငါက ဘာလို့စောင့်ရမှာလဲ။"

Myeong Tae Junရဲ့ စကားသံအဆုံး
တံခါးဖွင့်ပြီး ဝင်လာတဲ့ ရဲများ။

"Mr.Myeongကို မူးယစ်ဆေးရောင်း
ဝယ်မှု၊ ကလေးသူငယ်မှောင်ခိုကူးမှု
နဲ့ တရားမဝင်လက်နက်ဝယ်ယူမှုတို့
ကြောင့် ဖမ်းလိုက်ပါပြီး။ "

"ဘာတွေလာပြောနေတာလဲ။ မင်းတို့
ပြောနေတာတွေ ငါ ဘာမှနားမလည်
ဘူး။ မဟုတ်မမှန်စွပ်စွဲမှုနဲ့ မင်းတို့တွေ
ကို ငါ တရားပြန်စွဲလို့ရတယ်ဆိုတာ
သိလား။"

Myeong Tae Junရဲ့ အသံနဲ့ အခန်း
ထဲရှိ သူ့ရဲ့အပေါင်းအပါတွေကြောင့်
အနည်းငယ် ဆူညံ့သွားသည်။

"ရှေ့နေခေါ်ပြီး ကြိုက်သလို ဖြေရှင်း
ခွင့် ရှိပါတယ် Mr.Myeongရဲ့။ အာ..
ခုဏက မေးခွန်းကို ကျွန်တော် အခု
ဖြေပေးပါ့မယ်။ ကျွန်တော်က အခုက
စပြီး ဒီcompanyကို ဦးစီးသွားမဲ့
ဥက္ကဋ္ဌအသစ် ရှင်မ် ဂျယ်ယွန်းပါ။"

"မင်းတို့တွေ ငါ့ကို ဒီလို လွယ်လွယ်နဲ့
ခေါ်သွားလို့ မရဘူးကွ။"(shout)

𝘌𝘯𝘥𝘭𝘦𝘴𝘴 𝘓𝘰𝘷𝘦 𝘍𝘳𝘰𝘮 𝘛𝘩𝘦 𝘋𝘢𝘳𝘬𝘯𝘦𝘴𝘴  ✔Where stories live. Discover now