12

554 63 14
                                    


Unicode

ဒိုအာ အလုပ်ကိုပြန်သွားရမှာမို့ Ha Rin
တို့ Soulကို မြန်မြန်ဘဲ ပြန်လာဖြစ်ခဲ့
သည်။ မဟုတ်လည်း ဟာရင်းက အရင်
ပြန်လာမလို့ပါဘဲ။ အခုတော့ ကွက်တိ
ဖြစ်သွားသည်။ အိမ်ပြန်ရောက်တော့
ဂျာအွန်းက ပြန်မရောက်သေး။

ခပ်မြန်မြန်လေး ပြန်လာစေချင်ပြီး။
ဟာရင်း ဖြစ်နိုင်ရင် ဂျာအွန်းအပေါ်
အခုလုပ်မဲ့ ကိစ္စတွေအတွက် အချိန်တွေ
ကို ခပ်မြန်မြန်ဘဲ ကုန်ဆုံးစေချင်သည်။

***ring~~~ring***

ဟာရင်းရဲ့ လူယုံဆီက ဖုန်းဝင်လာတာ
မို့ ကောက်ကိုင်လိုက်ပြီး...

"ပြော"

"........"

ဟာရင်း ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
ထင်သားဘဲ။ မနေ့က ဂျာအွန်းနဲ့တွေ့ခဲ့
တဲ့လူက ဂျာအွန်းနဲ့ လက်ထပ်ပေးမဲ့
သူဆိုတာ။ အခုလည်း သူ့ရဲ့အဆင့်နဲ့
ဟာရင်း အကြောင်း စုံစမ်းချင်နေ
တယ်။

အေးပေါ့လေ။ သူ့သမီးသိထားတဲ့
သူ့ရဲ့ချစ်သူက မဆင်းရဲရင်တောင်
သူ့ထက်မချမ်းသာဘူးဆိုတဲ့ အချက်
အလက်နဲ့ နေထိုင်နေတာဆိုတော့
လည်း။

"ပေးလိုက်။ ဂျာအွန်းရဲ့ရည်းစားအနေ
နဲ့ဘဲ ငါ့အချက်အလက် မှန်သမျှကို
ပေးလိုက်။"

Ha Rinဖုန်းချလိုက်ပြီး ဆေးလိပ်တစ်
လိပ်ထုတ်ကာ မီးညှိပြီး ရှိုက်ဖွာလိုက်
သည်။ ကြာလိုက်တာ ဂျာအွန်းရယ်...

ငါက ဒီမှာ နင့်ကို နှိပ်စက်ဖို့ အသင့်ဖြစ်
နေတာကို။ ဒါမှမဟုတ် အစီအစဥ်ကို
ရက်ရွှေ့လိုက်ရမလာ။












ဒိုအာ ခွဲစိတ်မှု caseကိုအောင်မြင်စွာ
လုပ်ပြီးသည့်နောက် ဖွားဖွားဆီကို
ဝင်လာခဲ့ခြင်းဖြစ်သည်။

ဖွားဖွားဆိုတာက ဟာရင်းရဲ့ ဖွားဖွား
Mrs.Beak။ ပုံမှန်အတိုင်းဘဲ ဒိုအာ
သွေးပေါင်းချိန် စစ်ပေးဖြစ်သည်။
ဖွားဖွားကတော့ သူမကို တစ်ခုခုပြော
ချင်ပုံရပါသည်။ ဆွေးမြေ့စွာကြည့်နေ
သည်။

"ပြောစရာရှိလို့လာ ဖွားဖွား။"

"အင်း....။ ဟာရင်းလေး အရင်လိုဘဲ
အိပ်ဆေးသောက်နေရတုန်းလာ။"

𝘌𝘯𝘥𝘭𝘦𝘴𝘴 𝘓𝘰𝘷𝘦 𝘍𝘳𝘰𝘮 𝘛𝘩𝘦 𝘋𝘢𝘳𝘬𝘯𝘦𝘴𝘴  ✔Where stories live. Discover now