💔💔5💔💔

566 29 0
                                    

Unicode

❝တရားမဝင်ခင်ပွန်း❞

         အပိုင်း❝၅❞

“အစ်ကို့ကိုအသုဘချပြီးတာနဲ့
ဆူးရင့်နှင်းဆီကိုအစ်ကို့ကိုအမှတ်ရစေမဲ့
အရာတွေပဲရွေးလုပ်ခိုင်းမှာ သူ့စိတ်ထဲမှာ
အစ်ကို့ကိုဘယ်တော့မှမမေ့စေရဘူး
အစ်ကိုသေတာ သူ့ပရောဂမကင်းတာကိုလဲ
သူမသေခင်အထိ တစ်သက်လုံး
ယူဆောင်သွားစေချင်တယ်....”

ပြောပြီး မျက်ဝန်းထောင့်မှာအရိပ်တစ်ခု
မြင်လိုက်တာမို့ ပလ္လင် ဖျက်ခနဲ
လှည့်ကြည့်လိုက်သောအခါ လှည့်ထွက်သွားသောအရိပ်တစ်ခုကို နံရံနောက်ကနေ
လှမ်းမြင်လိုက်ရ၏။

“ဘာဖြစ်လို့လဲ သခင်လေး....."

“ဘာမှမဖြစ်ပါဘူး.....”

ပလ္လင် ပြောလိုက်တော့ဦးပလောက
သက်ပြင်းငွေ့ငွေ့ချကာ သူ့မျက်နှာကို
ကြည့်လာရင်းမှ

“ကျွန်တော့လိုအပြင်လူတစ်‌ယောက်က
သခင်လေးတို့ရဲ့ကိုယ်ရေးကိုယ်တာကို
ဝင်မစွတ်ဖက်သင့်ပေမဲ့ မလုပ်ခင်မှာ
အရာရာကိုစဉ်းစားစေချင်တယ်
ပြီးတော့မှ ကိုယ်လုပ်ခဲ့တဲ့အရာအတွက်
နောင်တတွေတစ်သီကြီးမရစေချင်ဘူး....”

ဘာကိုပြောချင်တာမှန်းမသိတဲ့စကားပေမဲ့
ဦးပလောရဲ့စကားလုံးတွေက ဘောင်မကျော်တာမို့ ပလ္လင်ငြိမ်သွားမိတဲ့အခါ
အနားကနေခပ်ညိမ့်ညိမ့်ထွက်သွားသည်။

သို့ပေမဲ့ ကျန်ခဲ့တဲ့ပလ္လင့်မှာတော့
ပဟေဋိတွေထပ်ကုန်ရ၏။
ဦးပလောကဘာသဘောနဲ့ပြောသွားတာလဲ??

......

အစ်ကို့ကိုအသုဘမချခင် ပျောက်ချက်သားကောင်းနေတဲ့ဆူးရင့်နှင်းဆီကို သတိထားမိ၏။
မနက်က သူနဲ့ဦးပလောပြောတာကို
ကြားသွားပြီး ဒီမိန်းမတစ်ခုခုကြံစည်နေမယ်ဆိုတာ သူရိပ်မိသည်။
ဒါဆို ဘာများဖြစ်မလဲ??

အောက်ထပ်ကအခန်းကို
တံခါးခေါက်ကြည့်တော့ ပြန်ထူးသံမဲ့နေ၏။
တစ်ခုခုမူမမှန်တာမို့ ပလ္လင်
အခန်းထဲဒီတိုင်းဝင်ခဲ့တဲ့အခါ ကုတင်ပေါ်
အိပ်ပျော်နေသော ကလေးကိုပဲ
တွေ့လိုက်ရသည်။

ပုံမှန်မဟုတ်တာက အဝတ်အစားတွေ
သစ်လွင်နေခြင်းကြောင့်ဖြစ်၏။
ညကဝတ်တာဟာဒီအဝတ်မဟုတ်မှန်း
သူသိလိုက်သလို အိပ်နေတဲ့ကလေးကိုတော့
အင်္ကျီသစ်ဝတ်ပေးမှာမဟုတ်!!!

တရားမဝင်ခင်ပွန်း {Complete}Where stories live. Discover now