💔💔12💔💔

1.4K 42 4
                                    

Unicode

❝တရားမဝင်ခင်ပွန်း❞

         အပိုင်း❝၁၂❞

တော်ဝင် မနက်ခင်းမိုးလင်းထတဲ့အချိန်
ဆူးရင့်ကိုမတွေ့ရပေ!!!
ပုံမှန်ဆိုနိုးနေရင်တောင် သူ့ရဲ့တောင်းဆိုမှုနဲ့
ပြန်လှဲတတ်ပြီးသူနဲ့မှအတူထတဲ့သူမက
အခုဘယ်လိုဖြစ်တာလဲ??

ဝေ့ဝဲလိုက်ရှာရင်းပွင့်နေတဲ့အဝတ်ဗီဒိုကို
သွားကြည့်လိုက်တော့ သူမရဲ့
အဝတ်တွေတစ်ထည်မှမရှိတော့!
ဘယ်လိုမှထင်မှတ်မထားတာမို့
သူ့ရင်ခုန်သံတွေမြန်လာရင်းမှ
ရေချိုးခန်းထဲသေချာအောင်ပြေးကြည့်တဲ့အခါ အေးစက်နေသောအထိအတွေ့ကသာ
စီးကြိုလေသည်။

တော်ဝင် အောက်ကိုအပြေးဆင်းရင်း
ကြည့်လိုက်တော့ ဒေါ်ကြွယ်ကလဲသူ့ကို
အလန့်တကြားနဲ့ကြည့်လာလေ၏။

“သခင်ကြီး သခင်မလေးကိုမတွေ့လို့လား??...”

“အင်း....”

“ဟုတ်တယ် ဒေါ်ကြွယ်လဲမတွေ့လို့
လိုက်ရှာတော့ဘယ်မှာမှမတွေ့တော့ဘူး!!
ဘယ်လိုလုပ်ကြမလဲဟင် သခင်မလေး
ထွက်များထွက်သွားတာလား အဝတ်အစားတွေရောဟင်....."

ဒေါ်ကြွယ်ကိုလဲပြန်မဖြေနိုင်ပဲ
မျက်ရည်မကျအောင်ထိန်းကာ တော်ဝင်
အပေါ်ကိုပြန်တက်လာရင်းမှ
သူမများသဲလွန်စလေးတစ်ခုခု
တွေ့မလား တက်လာခဲ့ကြည့်မိသည်။

စာလေးတစ်စောင်တောင်မချန်ခဲ့တဲ့
သူမက သူအလန့်တကြားနဲ့ဖုန်းခေါ်တာတောင် ဝင်ရဲ့သားနဲ့မကိုင်ပေ!!
နောက်တစ်ခါကျတော့စက်ပါပိတ်ထားတာမို့
သူမတမင်လုပ်တာမှန်းသိကာ
သူ့စိတ်တွေယူကျုံးမရဖြစ်ရ၏။

ငယ်လေးရယ်ဘယ်များသွားသလဲကွာ!!
တိုင်ချက်ဖွင့်ဆိုတော့လဲ သူမကို
ပြန်ပေးဆွဲသွားတာမဟုတ်တော့
ဘယ်လိုဖွင့်ရမှန်းမသိ !!!
ဒါ့အပြင်လူပျောက်ကြော်ငြာရအောင်လဲ
သူမကပျောက်သွားတာမဟုတ်ပဲ
သူ့ရင်ခွက်ကနေ လက်စဖျောက်ပြီး
ထွက်သွားခဲ့တာမျိုး!!!

ဖုန်းတွေသာဒါရိုက်ခေါ်နေမိပေမဲ့
ခြေရာခံလို့မရ ဆက်သွယ်လို့မရခဲ့တဲ့
သူ့ရဲ့ဇနီးလောင်းက သူ့ကိုထားသွားလေသည်။
ဘာတွေများအပြစ်ရှိခဲ့လို့လဲ??

တရားမဝင်ခင်ပွန်း {Complete}Where stories live. Discover now