ဒုတှဲ 5 {Zg}

288 2 0
                                    

❝တရားမဝင်ခင်ပွန်း❞

      ဒုတိယတွဲ   အပိုင်း❝၅❞

“သား သားမှာဘာဖြစ်တာလဲဆရာ??...."

Echo ရိုက်ထားတဲ့စာရွက်ကို
ဆူးရင့်ရှေ့တိုးပေးကာ

“မွေးပြီးချင်းထဲကသာ အသေအချာ
စစ်ဆေးမှုတွေ လုပ်ပြီး ကုသမှုခံယူလိုက်ရင် ဒီလောက်တောင်ဆိုးမှာမဟုတ်ဘူး
အခု နှလုံးမှာရှိတဲ့အပေါက်က ကြီးပြီး
သွေးကြောတွေကိုပါထိနေပြီ ဒီထက်သာ
နောက်ကျရင် ကလေးအတွက်မတွေးရဲစရာပါ......”

ကြားလိုက်ရတဲ့စကားအပေါ်နှစ်ယောက်လုံး ပူထူသွားရင်း ဆူးရင့်
ပိုးပိုးပေါက်ပေါက်ကျလာတဲ့မျက်ရည်တွေကိုမထိန်းလိုက်နိုင်ပါ!!
ဘာစကားမှမဆိုနိုင်ပဲဆရာဝန်ကို
ပြန်ကြည့်တော့ စာနာတဲ့မျက်နှာမျိုးနဲ့
သူမကိုပြန်ကြည့်ကာ

“အမြန်ဆုံးခွဲစိတ်ဖို့လိုအပ်ပါတယ်....”

ပလ္လင့်ရဲ့မျက်ဝန်းမှမျက်ရည်စတစ်ချို့!!
ကျမလာနိုင်ပဲ မျက်အိမ်မှာတင်
သိပ်သိပ်လေးနေရာယူနေခဲ့သည်။

ဟင့်အင်း မ မဖြစ်နိုင်ဘူး....သူ့သားက
နှလုံးအပေါက်ဖြစ်နေတယ်တဲ့လား??
ဆရာဝန်တွေနားလည်မှုလွဲတာပဲနေမယ်!!

အတွေးတို့နဲ့ တစ်ချိန်လုံးညိမ်နေတဲ့ပလ္လင်
ဆရာဝန်နားတိုးကာ ယူကျုံးမရ
မျက်နှာကိုတစ်ချက်ပွတ်လိုက်ရင်းမှ
မျက်ရည်စတွေကိုဖယ်ရှားလိုက်၍

“ဒေါက်တာ ကျွန်တော်အခုလိုပြောတာ
ရိုင်းရာကျမယ် စော်ကားရာကျမယ်ဆိုတာသိပေမဲ့ အဆင်ပြေရင် သားကိုနောက်ထပ်တစ်ခါလောက်စစ်ပေးပါလား
ကျွန်တော်တောင်းဆိုတာပါ
ဘယ်အရာမဆို နှစ်ခါလုပ်ရင်ပိုပြီး
တိကျတယ်မလား??....”

ပလ္လင့်ရဲ့တောင်းဆိုသံကြောင့်
ဆရာဝန်က နားလည်သလိုမျက်ဝန်းတွေနဲ့ကြည့်လာကာ

“အခုချိန်မိဘတွေရဲ့စိတ်နေစိတ်ထားကို
ကျွန်တော်နားလည်ပေမဲ့ နားလည်မှုလွဲတာရော တစ်စုံတစ်ရာမှားယွင်းတာရော
မရှိတာက ဒီကလေးအခုလိုသတိလစ်ပြီး
ရောက်လာတာကသက်သေပဲမလား??.....”

တိကျစွာပြောလိုက်သံနောက်
သူ့ရင်ဘတ်တစ်ခုလုံးလေးလံသွားသည်။
သူ့သားလေးကဘာလို့များဒီလို!!

တရားမဝင်ခင်ပွန်း {Complete}Where stories live. Discover now