2.

592 110 21
                                    

သူ့ကို တစ်ဖက်ကအခန်းလွတ်ထဲမှာ သေချာနေရာချပေးပြီး အိပ်ယာခင်းတွေပါကြိုးစားပမ်းစားခင်းပေးထားပေမယ့် ဂျောင်ဝန်းကတော့ငြင်းဆန်ပြီး ဆောနူးနူးနဲ့အတူအိပ်ဖို့ အခန်းထဲလိုက်ဝင်လာသည်။

သူနဲ့အတူအိပ်ရမှာ စိတ်ကျဉ်းကြပ်နေပုံရတဲ့အကိုပေါက်စလေးကို သနားပေမယ့်လည်း မတတ်နိုင်။
မတွေ့ရတဲ့လေးနှစ်တာကာလအတွင်း ရင်ဘတ်ထဲကအလွမ်းထုထည်က အတော်အတန်ကြီးမားနေခဲ့ပြီမို့ ဆက်ပြီးထိန်းထားနိုင်စွမ်းမရှိတော့။

အိပ်ယာတစ်ဖက်စွန်းကိုကပ်ကာ ကွေးကွေးလေးအိပ်မောကျသွားတဲ့ အကိုပေါက်စလေး အိပ်ပျော်သွားတာသေချာမှ ဂျောင်ဝန်းသူ့အနားကိုတိုးကပ်လာခဲ့သည်။
လွမ်းနေခဲ့ရတဲ့ကိုယ်ငယ်လေးကို မြတ်နိုးစွာထွေးပွေ့ပြီး ရင်ခွင်ထဲထည့်ကာ မျက်ရည်တို့က အတားအဆီးမရှိကျဆင်းလာသည်။

တကယ်တော့ ဂျောင်ဝန်းကနှစ်ယောက်ကြားကအဖြူ ထည်သံယောဇဉ်ကို အရောင်ဆိုးမိသူဖြစ်သည်။
ရင်ခုန်တတ်စအရွယ်ကတည်းက hyung ရဲ့ နှုတ်ခမ်းလေးတွေ ခေါင်းလုံးလုံးလေးနဲ့ပါးဖောင်းဖောင်းအိအိလေးတွေကြောင့်မကြာခဏအသက်ရှူမှားခဲ့ရသည်။

ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်ထားခဲ့ပေမယ့်မူမမှန်တဲ့ရင်ခုန်သံတွေရဲ့အကြောင်းအရင်းကို ဂျောင်ဝန်းလက်မခံချင်ဘဲလက်ခံလိုက်ရသည်။

ဆောနူးနူးကိုချစ်နေမိပြီ။

ကံကောင်းတာက hyungက သားအရင်းမဟုတ်ဘဲ မွေးစားသားဖြစ်နေခဲ့တာပင်။
ညီအကိုမတော်စပ်ကြတာမို့ ဂျောင်ဝန်းရဲ့တိတ်တခိုး ရင်ခုန်သံတွေက လုံးဝကြီးမျှော်လင့်ချက်မဲ့နေတာမျိုးမဟုတ်ပေ။

ချစ်စရာကောင်းလွန်းတာကြောင့် ကျောင်းမှာလည်းချစ်သူခင်သူပိုးပန်းသူပေါတဲ့ အကိုသေးသေးလေးကို ဂျောင်ဝန်းသဝန်တိုရတာလည်းအမောပင်။
ယောက်ျားလေးသူငယ်ချင်းများကပါ ဂျောင်ဝန်းကိုယောက်ဖဟုခေါ်ပြီးမထိတထိစနောက်မှုတွေကြောင့် မကြာခဏဆိုသလိုရန်ဖြစ်ပြီး ရုံးခန်းရောက်နေခဲ့ရသည်။

ဆောနူးနူးကိုညီအကိုမတော်ချင်။
ဆောနူးနူးကသူ့အစ်ကိုမဟုတ်ဘဲ မွေးစားသားသာဖြစ်သည်ဆိုသော အချက်က ဂျောင်ဝန်းအတွက်
မျှော်လင့်ချက်လေးတစ်ခုဖြစ်သည်သာ။

Let me inWhere stories live. Discover now