3.

522 91 20
                                    

ဂျောင်ဝန်းနီးနှုတ်ခမ်းက ဆောနူးနှုတ်ခမ်းဆီမှာ ခဏတာထိကပ်လိုက်တာကိုခံစားလိုက်မိချိန်မှာတော့ ဆောနူးကမ္ဘာကြီး ရပ်တန့်သွားခဲ့သည်။

ဂျောင်ဝန်းနီးက ဘာလို့သူ့ကိုဒီလိုအပြုအမူမျိုး...
ဆောနူးခေါင်းထဲမှာ ဗလာသက်သက်ဖြစ်ပြီး အဖြေရှာမရချိန်မှာပဲ ဆက်ပြောလာတဲ့ဂျောင်ဝန်းစကားတွေကြောင့် ဆောနူး ပိုပြီးအံ့အားသင့်သွားခဲ့သည်။

ဂျောင်ဝန်းနီးက ဆောနူးကိုချစ်နေခဲ့တာတဲ့
အဲဒါကလည်း အစ်ကိုတစ်ယောက်လိုမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်လိုပိုင်ဆိုင်လိုစိတ်နဲ့...
.
.
ချစ်နေခဲ့တာမို့ ဆောနူးကသူ့အစ်ကိုဆိုတဲ့အဖြစ်ကိုလက်မခံနိုင်ခဲ့တာပဲ။
ဆောနူးကမွေးစားသားဖြစ်နေလို့အထင်အမြင်သေးတာမဟုတ်ဘဲ မွေးစားသားဖြစ်နေလို့ကိုသူ့အတွက် မျှော်လင့်ခွင့်ရှိနေတာကြောင့်ပင်။

" မဟုတ်ဘူး ဂျောင်ဝန်းနီး ငါတို့က ညီအစ်ကိုတွေပဲ
ငါ ငါက မင်းရဲ့အစ်ကိုလေ..
ဘာလို့ငါ့ကို ချစ်နေရတာလဲ။

ဟင့်အင်း

မဟုတ်ဘူး

မင်း ထင်ယောင်ထင်မှားဖြစ်နေတာ အနေနီးလို့ မင်းတစ်မျိုးထင်နေတာ.
ငါ လက်မခံနိုင်ဘူး။

အိမ်ပြန်တော့ဂျောင်ဝန်းနီး ငါတစ်ယောက်တည်းနေချင်တယ်။"

အင်အားရှိသလောက် ဂျောင်ဝန်းနီးကိုတွန်းထုတ်လိုက်တော့ မျက်ရည်တွေနဲ့ငိုရှိုက်ကာ ခေါင်းငိုက်စိုက်ကျပြီး ထွက်သွားတဲ့ဂျောင်ဝန်းနီးရဲ့ခြေလှမ်းတွေနဲ့ထပ်တူ ဆောနူးနှလုံးသားထဲမှာလည်း လေးလံနေခဲ့သည်။

သူတို့နှစ်ယောက်ကြားမှာ ဘာတွေလွဲမှားသွားခဲ့တာလဲ။

ဂျောင်ဝန်းနီးက သူ့ကို ဒီလိုသဘောထားနေတယ်ဆိုတာ မေမေတို့သိရင် ဆောနူးကိုမွေးစားမိလို့နောင်တရနေကြမလား။

ဂျောင်ဝန်းနီးရဲ့မိဘတွေကရော ဆောနူးကို ဘယ်လို အမြင်မျိုးနဲ့မြင်ကြမှာလဲ။

ကျန်တဲ့ဆွေမျိုးတွေကရော ဝိုင်းပြီးလက်ညှိုးထိုးကြမလား။
မွေးစားမိဘတွေကို ကျေးဇူးမဆပ်နိုင်ဘဲ လူအပြောခံရအောင် တွန်းပို့နေမိပြီလား။

Let me inWhere stories live. Discover now