ကလေးလေးတွေ ပြေးလွှားဆော့ကစားနေတဲ့ ဆူညံသံသေးသေးလေးတွေနဲ့ပြည့်နှက်နေတဲ့ ဒီဂေဟာလေးဆီ
မီနာတစ်ယောက် နောက်တစ်တစ်ကြိမ်ထပ်ရောက်လာခဲ့ရပြန်သည်။နောက်ဆုံးတစ်ကြိမ်ရောက်ခဲ့တုန်းက ကိုယ်ပိုင်ရင်သွေးလေးကို မလွယ်နိုင်လို့ ဝမ်းနည်းအားငယ်နေတဲ့မီနာ့ကို နေရောင်ခြည်လိုနွေးထွေးသောအပြုံးတို့နှင့်သားငယ်လေးက ဆီးကြိုနေခဲ့ပြီး သူမရင်ကို နွေးထွေးစေခဲ့သည်။
သားသား ကိုမြင်လိုက်ရချိန်ကတည်းက ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရသောကလေးလေးတစ်ယောက်လိုချစ်မြတ်နိုးမိတာကြောင့် ဂေဟာမှူးထံမှာခွင့်တောင်းကာ စာချုပ်စာတမ်းအခိုင်အလုံဖြင့် မွေးစားခဲ့တာဖြစ်သည်။
ထိုအချိန်ကတည်းက သူမရဲ့ဘဝမှာ ပျော်ရွှင်စရာများနှင့်ပြည့်နှက်လာသည်။
ကြီးလာရင် ကျေးဇူးပြန်ဆပ်ရမည် ၊ သူမတို့ကိုပြန်ပြီး ကြည့်ရှုစောင့်ရှောက်ရမည် စသော
မျှော်လင့်ချက်တစ်စုံတစ်ရာမပါဝင်ဘဲ သားသားကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့သည်။မီနာတို့ဇနီးမောင်နှံနှစ်ယောက်လုံး
သားသားကိုမွေးစားသားဟု တစ်ခါမှ မတွေးခဲ့သလို သူများက မွေးစားသားလို့ပြောတာကိုလည်းလုံးဝမကြိုက်ပေ။သို့သော် ရယ်ချင်စရာကောင်းသည်က
သားသားကိုသူမတို့သားအရင်းမဖြစ်စေချင်သူတစ်ဦးရှိနေခဲ့သည်။
ထိုသူမှာလည်းအခြားမဟုတ်ဘဲ မီနာ့အမျိုးသား၏တူအရင်းဖြစ်သူ ဂျောင်ဝန်းနီးပင်ဖြစ်သည်။ထိုအကြောင်းကို သူမတို့ဇနီးမောင်နှံရော ဂျောင်ဝန်းနီးမိဘတွေပါ သိနေခဲ့ပေမယ့် ကလေးမို့ ရိုးရိုးသားသားခင်တွယ်တာဖြစ်ပြီး အချိန်တန်လျှင်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါဟုသာ သဘောထားခဲ့ကြသည်။
သို့သော် သူမတို့ထင်သလိုဖြစ်မလာခဲ့ပါ။
နှစ်တွေကြာခဲ့ပေမယ့်
ဂျောင်ဝန်းနီးက သားသားကို ချစ်နေဆဲဖြစ်ပြီး သားသားက ဒီအကြောင်းတွေကို အခုမှသိရသူဖြစ်သည်။ဂျောင်ဝန်းနီးနိုင်ငံခြားကပြန်လာပြီးနောက် သားသားကိုဝန်ခံဖွင့်ပြောခဲ့ရာမှ ပြသနာတွေရှုပ်ထွေးကုန်ပြီး အတွေးလွန်တတ်တဲ့သားသားက ဘယ်သူ့ကိုမှမဆက်သွယ်ဘဲ ရုတ်တရက်ပျောက်သွားခဲ့တာဖြစ်သည်။
YOU ARE READING
Let me in
Fanfictionကျွန်တော် hyungနဲ့ ညီအစ်ကိုတော်ရမှာ အရမ်းမုန်းတယ်။ Hyungက ဘယ်တော့မှ ကျွန်တော့်အစ်ကိုဖစ်လာမှာမဟုတ်ဘူး..