Maid Qing Yu

9.8K 143 1
                                    

သခင်က သူကိုပြောပြီးတာနဲ့ ချက်ချင်းပဲ အပြင်ကို လှည့်ထွက်သွားခဲ့တယ်။ သခင်နဲ့ အတူပါလာတဲ့ အသက်ကြီးကြီး အမျိုးသားတဦးက သူကို ဆွဲထူပေးလိုက်ပြီးတော့.

"ထတော့ အခုပဲ သွားရမယ် အချိန်သိပ်မရဘူး ဘာပစ္စည်းမှလည်း သိမ်းမနေနဲ့တော့ ဒီတိုင်းပဲ လိုက်ခဲ့"

သူမှာ သိမ်းဆည်းစရာ အထုပ်အပိုးဆိုလို့လည်း များများစားစား သိပ်မရှိပါဘူး။ ဒီရောက်တည်းက ကောင်းကောင်းမွန်မွန် အင်္ကျီ အဝတ်အစားတွေထက် မိန်းကလေးအတွင်းခံတွေက ပိုများနေခဲ့တာလေ။

အဲ့အတွင်းခံလေးတွေကိုပဲ အိတ်တအိတ်ထဲ ထည့်ပြီး ဘေးက s*x toys တွေကိုတော့ ယူရမလား မယူရဘူးလား စဉ်းစားနေရတယ်။

နောက်ဆုံးတော့ အဲ့ပစ္စည်းတွေကိုလည်း ထားခဲ့ပြီး ဘာမှ မယူတော့ဘဲ ခေါင်းဆောင်ကို နောက်ဆုံးအနေနဲ့ သေချာလေး နှုတ်ဆက်လိုက်တယ်။

ခေါင်းဆောင်ကတော့ ဘယ်ပဲရောက်ရောက် သူကိုယ်သူ သေချာ ဂရုစိုက်ဖို့ပဲ မှာပြီး ဘာမှ ထပ်မပြောတော့ဘူး။

ကားပေါ်ကို ကလပ်မှာတည်းက ဝတ်ထားခဲ့တဲ့ ယုန်မလေးဝတ်စုံနဲ့ပဲ ဝင်ထိုင်လိုက်ပြီး ကားကလည်း ချက်ချင်းပဲ အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားတယ်။

သူလည်း အနောက်ကို တချက်လေးမှ ပြန်မကြည့်ခဲ့ဘူး။ အခုကစပြီး သူ့ဘဝက သခင်အပိုင်ဖြစ်သွားပြီလေ။

သခင်ကတော့ တခြားသီးသန့်ကားတစီးပေါ်မှာရှိနေပြီး အခု သူစီးတဲ့ကားပေါ်မှာတော့ ခုနကသခင်နဲ့အတူတူပါလာတဲ့ လူကြီးနဲ့အတူ ထိုင်နေတယ်။

"ငါက သခင်ရဲ့ အတွင်းရေးမှူးပဲ၊ အိမ်တော်ထိန်းပေါ့။ မင်းကို အခု သခင်က စံအိမ်မှာ အစေခံလုပ်ဖို့ ခေါ်လာတယ်ဆိုတာ သိတယ်မလား"

"ဟုတ်.."

"မင်း စံအိမ်တော်ကြီးမှာ နေဖို့အတွက် ငါ စည်းကမ်းချက်တွေ ပြောပြမယ်။ အရမ်း အရေးကြီးတာမို့ သေချာမှတ်ထား။

ပထမတချက် မင်း စံအိမ်ကို စရောက်တာနဲ့ မိန်းကလေးလိုပဲ နေရမယ်၊ မင်းကိုယ်မင်း ဒွိလိင်ဆိုတာ ငါနဲ့သခင်ကလွဲလို့ စံအိမ်ကလူတွေ ဘယ်သူမှသိသွားလို့မဖြစ်ဘူး

小兔兔 - Little BunnyWhere stories live. Discover now