Mommy Qing Yu [Final]

10.4K 134 2
                                    

သခင်ဆီက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီး သခင်နဲ့သူ အရူးအမူး ဆက်ဆံပြီးသွားတဲ့နောက်ပိုင်းကျ သခင်ရော သူရော အရင်ကလို သိပ် မသောင်းကျန်းရဲတော့ဘူး။

အဲ့တုန်းကလည်း သူ အိပ်ယာပေါ်ကနေ တပတ်လောက် မထလိုက်နိုင်ဘူးဖြစ်သွားတယ်။ ကံကောင်းလို့ ဗိုက်ထဲက ကလေးက ဘာမှမဖြစ်သွားတာလို့ ပြောရမယ်။

မွေးခါနီးလာလေ သူ့နို့တွေကလည်း ဆေးစွမ်းကြောင့်ပဲလား မသိ၊ အချိန်တိုင်း နို့ရည်တွေနဲ့ တင်းပြီး ပြည့်လျှံနေတာကြောင့် သခင်က သူ့နို့တွေကို တချိန်လုံး စို့ပေးနေရတယ်။ နောက်ကျ နို့ညှစ်တဲ့စက်ပါ ဝယ်လာပြီး သခင်မရှိတဲ့ အချိန်ဆို နို့ညှစ်စက်ကို နို့ပေါ် အချိန်ပြည့် တပ်ထားရတဲ့အထိကို သူ့နို့တွေက အမြဲလျှံထွက်နေတာ။

ကိုယ်ဝန်က တဖြည်းဖြည်း လရင့်ပြီး မွေးဖို့ ရက်သိပ်မလိုတော့ဘူး၊ အခုလောလောဆယ် သူတို့နှစ်ယောက်လုံးက ကလေး အဆင်ပြေပြေ မွေးနိုင်ဖို့ကိုပဲ အာရုံစိုက်နေကြပြီး အလုပ်ရှူပ်နေတာကြောင့် တခြား ဘာမှတောင် သိပ်မတွေးမိကြတော့ဘူး။

အဲ့လိုနဲ့ တကယ့် ကလေးမွေးမယ့်ရက်ကို ရောက်တော့လည်း ကလေးကို လျှောလျှောရှုရှုနဲ့ပဲ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။

ကလေးက မိန်းကလေး၊ ပြီးတော့ သူနဲ့ ပိုတူတယ်လို့သခင်ကပြောတယ်။ တကယ့်ယုန်ပေါက်လေးလိုပဲ၊ ဖြူဖွေးစွတ်ပြီး သေးသေးလေး။ သူ့လက်နဲ့ ထိရမှာတောင် အသည်းတယားယားဖြစ်မိတယ်။

သခင်ကတော့ သူတို့ကလေးလေးကို နေ့တိုင်း အချစ်ပိုနေတော့တာပဲ၊ သခင် အခုလို အများကြီး ပြုံးပျော်နေတာကို သူ ခုမှပဲ သေချာ မြင်ဖူးတော့တယ်။

သခင်က ကလေးကို ဘယ်လောက် ချစ်ချစ် သဝန်တိုတဲ့အချိန်ကတော့ ရှိသေးတာပေါ့။

အဲ့တာ နို့စို့တဲ့အချိန်လေ၊ သခင်က သူ့နို့လေးတွေကို တအားနှမြောတာ၊ လုံးဝ သူ့အပိုင်လ်ို့ပဲ သတ်မှတ်ထားတာဆိုတော့ အခုလို ကလေးနဲ့ လုစို့နေရတော့ သခင်က မကျေနပ်နိုင်တော့ဘူး။

ညဘက်ဆို ကလေး အိပ်ပျော်သွားတာနဲ့ သခင်က ကုတင်ပေါ် တက်လာပြီး သူ့နို့လေးတွေကို တညလုံး ရန်ရှာပြီး ကိုက်တော့တာပဲ၊ တနေ့ တနေ့ မနက်ရော ညရော သူ့နို့လေးတွေက လုံးဝ အနားမရဘဲ စို့ခံနေရတယ်။

小兔兔 - Little BunnyDonde viven las historias. Descúbrelo ahora