အပိုင်း(၂)

2.3K 66 25
                                    

Unicode

“ခင်ဗျား!”

ရုတ်တရပ်အော်လာသည့် သူ့အသံက ကောင်းလက်ထဲမှ ပန်းကန်ခွက်ပင် လွှတ်ကျရသည်အထိ။မိသက်ကလည်း ဘေးမှ ကြောက်ရွံသည့်မျက်နှာကလေးနှင့်။

“ကျုပ် အစပ် ဘယ်တုန်းကစားလို့လဲ”

သူအစပ်မစားနိုင်သည်မဟုတ် သပ်သပ် ကောင်းကို ပြဿနာရှာနေခြင်းပင်။

“ငါ..ဟို..”

ခက်ထန်၍တင်းမာနေသည့် မျက်နှာကို ရင်ဆိုင်နေရသူအဖို့ စိတ်မွန်းကြပ်ကာ အနေရခက်စေပါသည်။ကောင်း သူကြိုက်တဲ့အစားအစာတွေဘဲ ပြုလုပ်ပေးသော်ငြား သူတစ်နည်းနဲ့မဟုတ်တစ်နည်းနှင့်အမြဲ အပြစ်ပြောတတ်ပါ၏။

“တော်ပြီ!”

ထိုင်ရာမှထရပ်ကာ ကောင်း‌ မေးစေ့ကို ကိုင်လာသည့် သူ့၏လက်တွေက ကြမ်းကြမ်းရှရှ။
ကောင်းရဲ့အေးစက်နေသည့် လက်ဖျားတွေက
Plants ကို တင်းတင်းဆုပ်ကိုင်ထားရသည်။

“ခင်ဗျား အပူလောင်သွားသေးလား”

မျက်ခုံးတွန့်ချိုး၍မေးလာသည့် သူ့စကားသံက စိုးရိမ်မှုမပါဝင်သည့် အသံမျိုး။ကောင်း ကြမ်းပြင်ပေါ်က ပန်းကန်ခွက်လေးကို ကြည့်မိမှ ခြေဖျားလေးတွေ ပူလာသည်ဟု ခံစားမိ၏။

“ဘာမှ မဖြစ်ပါဘူး”

မျက်နှာလွှဲကာ ‌သူလိုချင်သည့်အဖြေမျိုးပေးမှ ကောင်းမေးစေ့က လက်ကို ဖယ်ရှား၍ လှည့်ထွက်သွားသည်။

“ကိုကောင်း အဆင်ပြေရဲ့လား”

မိသက်က စိုးရိမ်ပူပန်စွာဖြင့် ကောင်းရဲ့ ခြေထောက်ကို တချက်ကြည့်ရင်းမေးလာသည်။

“ဘာမှမဖြစ်ပါဘူး”

“ကိုကိုလေးက အမြဲတမ်း သူ့အဖေနဲ့စကားများပြီးတိုင်း ကိုကောင်းအပေါ်ဒေါသပုံချနေသလိုဘဲ”

ကရုဏာမျက်ဝန်းလေးနှင့်ကြည့်လာသည့် မိသက်ကို ကောင်းပြုံးရုံဘဲပြုံးပြလိုက်မိ၏။
ကောင်း ဝဋ်ကြွေးရှိသမျှ ပေးဆပ်ရမှာဘဲလေ။

“ကျွန်တော် အခန်းပြန်ပြီးနားလိုက်ဦးမယ်”

“ဟုတ် ကိုကောင်း။လိုအပ်တာရှိရင် မိသက်ကို လှမ်းခေါ်လိုက်”

A Heartless kiss (အကြင်နာမဲ့အနမ်း)Where stories live. Discover now