အပိုင်း(၃)

656 17 1
                                    

Unicode

ဆယ်ကျော်သက်မိန်းကလေးတွေနှင့်သက်လတ်ပိုင်းမိန်းကလေးတွေအကြား ခေတ်စားခေတ်ထနေသည့်ကတော့ BL နှင့် Bromance များသာဖြစ်သည်။ထို့ကြောင့် ဤမိန်းကလေးများကို အသုံးချ၍ စီးပွားရေးရှာချင်သည့် Producer ‌များလည်းအပြည့်။

ထိုအထဲမှ CM Entertainment မှ အပတ်စဉ်ထုတ်လွှင့်ပြသနေသည့် Bromance series သည်လည်း ရေပန်းစားလူကြိုက်များလျက်ရှိသည်။

Model လောကကတတ်သစ်မင်းသားများနှင့် မင်းသမီးပေါက်စများကို အသုံးပြု၍ ဇာတ်လမ်း ဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်နေသော CM Entertainment သည် LGBT ချစ်သူများအတွက် ဇာတ်လမ်းတိုများ ထုတ်လွှင့်ရိုက်ကူးတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတဆင့် စာထုတ်ပြန်လိုက်သည်။

“ဟဲ့ Let's make friends ကြည့်လား”

“အေး ကြည့်တယ်။နင် ဟိုတစ်ပတ်  Review ပေးကတည်းက”

“ငါတော့လေ ကြည့်ရတာ အားကိုမရဘူး”

“ဘာလို့တုန်း”

“မထိတထိနဲ့ဟယ်။နမ်းမှာကို မနမ်းဘူး။အသည်းယားလို့ သေတာ့မယ်”

“ဟဲ့ အဲတာ Bromance လေဟာ on going ဆိုတော့... ”

“မသိဘူးဟာ။ရေချိုးခန်း scene မှာလည်း မထိတထိနဲ့”

CM Entertainment မှ Popular အဖြစ်ဆုံး On going series သည် BL အနေဖြင့် ရိုက်ကူးထားခြင်းမဟုတ်သော်လည်း Bromance ဖြင့် အချိုတွေကျွေးကာ အသည်းယားစရာကောင်းအောင် ရိုက်ကူးပုံဖော်တင်ဆက်ထား၏။
Let's make Friends ၌ ပါဝင်သရုပ်ဆောင်ထားသည့် Main Cast တွေကလည်း Chemistry မိလွန်းသည်။

ထိုအထဲမှ Main Lead နှစ်ယောက်ဖြစ်သည့်
အာဏာလျှံညီ နှင့် ဇေဗီယာမောင် အား ship နေကြသူများလည်းအပြည့်။သို့သော် လျှံညီက အပေါ် ထပ်လား ဇေဗီယာက အပေါ်ထပ် ဝေခွဲမရ။သူ့တို့ဘာသာ ကြိုက်သလို ship နေကြ၏။

“ဗီယာ တို့တွေ တစ်ခေါက်လောက် ဂေါက်သွားရိုက်ကြမလား”

“အင်း”

ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည့် ဗီယာမောင်ကို ကြည့်ကာ ပင့်သက်ရှိုက်မိ၏။ ဒီကောင် ခုတလော အချိုးတွေပြောင်းနေ၏။

A Heartless kiss (အကြင်နာမဲ့အနမ်း)Where stories live. Discover now