အပိုင်း(၁)

6.5K 127 29
                                    

Unicode

"ကျုပ်ရှေ့ ခင်ဗျားကိုယ်တုံးလုံးနဲ့ပတ်ပြေးပြတောင် စိတ်မဝင်စားဘူး။နားလည်လား"

"အဂ္ဂမင်းမောင်!"

စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်၍သောက်‌နေသူအား ကုတင်ထက်က ကောင်း ပြန်ပြောမိသည့်သူ့နာမည်။‌ပြန့်ကျဲနေသည့် အိပ်ရာခင်းအစကိုသာ တင်းတင်းဆုပ်ကိုင်ရင်း‌ ဒေါသတွေကို ချုပ်တည်းထားရသည်။

Bathtub ထဲမှ ထွက်လာခဲ့သည့် ကောင်းကိုယ်၌ Bathrobe သာရှိနေ၏။‌ ကောင်းအဝတ်အစားမလဲခင် ဝင်ရောက်လာတဲ့သူကြောင့် အနေရခက်ကာ ထွက်သွားဖို့ပြောမိသည်ကို တုံပြန်ပြောလာသည့်စကားက ခါးသက်လွန်းနေသည်။

"ငါ့ကို ကွာရှင်းပေး"

"ဘာ"

မျက်မှောင်ကျုံ၍ကြည့်လာသည့် သူအကြည့်တွေက စူးစူးရှရှ။အခန်းပြတင်းပေါက်နားကနေ ကောင်းရှိရာဆီသို့ လျှောက်လမ်းလာသည့် သူခြေလှမ်းတွေက ကြောက်မက်ဖွယ်ရာအတိ။

"ခင်ဗျား ဦးလေး ဘာလုပ်ထားတာလဲ။မေ့နေလား"

ကောင်းရဲ့မျက်ဝန်းအစုံကို ကြည့်၍ သတိပေးလာသည့် သူ့စကားလုံးတွေက အထက်စီးလေသံနှင့်။

"မမေ့ဘူး"

ကောင်းကို ရောင်းစားပစ်ရက်တဲ့ ဦးလေးဖြစ်သူကို ဘာကြောင့်မေ့ရက်မည်နည်း။
နှစ်နှစ်နီးပါး သူခြေဖဝါးအောက်က ကျွန်လို ခစားနေရသည့် ကောင်းမှာ လွတ်မြောက်ရာလမ်းမရှိနိုင်။

"မမေ့ဘူးဆို အဲ့စကားထပ်မပြောနဲ့"

ကောင်းကို ကျောပေးလှည့်ထွက်သွားသည့် သူ့ကျောပြင်ကို နာကျည်းစွာစိုက်ကြည့်‌မိနေစဲ။သူ့အတွက် ကောင်းက အရုပ်ကလေးတစ်ရုပ်ပင်။သူလိုအပ်လာတဲ့အချိန်မှာ နာကျင်မှုတွေအောက် လူးလှိမ့်စွာခံစားသည်းခံနေရသည့် အရုပ်ကလေးတရုပ်။

တရားဝင်လက်မှတ်ထိုးထားရုံနဲ့ သူဘေးနားက မိန်းမတွေလောက် ရင်ခုန်ဖို့မကောင်းတဲ့ ကောင်းက ဘာမျှော်လင့်ချက်နှင့် ကပ်တွယ်နေရပါမည်နည်း။နှစ်နှစ်ဆိုသည့်အချိန်ကာလသည် သူအတွက် လုံလောက်ရမည့်အချိန်ပင်။

A Heartless kiss (အကြင်နာမဲ့အနမ်း)Where stories live. Discover now