3

389 69 0
                                    

Unicode

ဆယ်လီယာ အင်ပါယာသည် ယခင်က အဓိက မျိုးနွယ်စုလေးစုနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သန်မာပြီး ရဲစွမ်းသတ္တိဖြင့် ပြည့်စုံသည့် စစ်သူကြီးများ၊ ဗိုလ်ချုပ်များ စသည့်ဖြင့် စစ်မှုရေးရာကျွမ်းကျင်သူများ အများဆုံးရှိသည့် ဂရင်းဖင်းဒေါမျိုးနွယ်စု။ ဉာဏ်ပညာကြီးမားသော စာပေပညာရှင်များ၊ ပညာရှိအမတ်များ အများဆုံးထွန်းကားပြီး တိုင်းပြည်ကိုအကျိုးပြုသည့် ရေဗင်ကလောမျိုးနွယ်စု။

ကြိုးစားပြီး သစ္စာရှိကာ ရရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သည့် ဟယ်ဖဲလ်ဖတ်စ့်မျိုးနွယ်စု။ ရည်မှန်းချက်ကြီးမားပြီး နိုင်ငံရေးမှာ ထူးချွန်သည့် နိုင်ငံအမတ်ချုပ်၊ တော်ဝင်မျိုးနွယ်ဖွား အများဆုံးရှိသည့် စလေးသရင်းမျိုးနွယ်စု။

နှစ်ပေါင်းများစွာကြာအောင် မျိုးနွယ်စုလေးစုကပဲ အင်ပါယာကိုချုပ်ကိုင်ထားပြီး စည်းချက်ညီညီအုပ်ချုပ်ခဲ့ပေမဲ့ မှော်သွေးသန့်တွေကိုပဲ ဦးစားပေးလွန်းသည့် စလေးသရင်းမျိုးနွယ်စု၏ ဖိနှိပ်မှုကို သာမန်မှော်ဆရာတွေ​က သည်းမခံနိုင်ရာကစပြီး တော်လှန်ရေးဖြစ်ပွားကာ အာဏာအသိမ်းခံရသည်အထိ ဖြစ်လာခဲ့ရသည်။ သာမန်မှော်ဆရာလူတန်းစားကနေ စစ်သေနာပတိချုပ်ရာထူးရလာသည့် စစ်သေနာပတိချုပ်သည် စလေးသရင်းအနွယ်ဖွား ဧကရာဇ်နှင့် ဧကရီကို သတ်ပစ်ခဲ့ပြီး အင်ပါယာသခင်ဖြစ်လာတော့သည်။

မျိုးနွယ်စုလေးစုက အိမ်တော်တွေကိုလည်း အာခံသူမှန်သမျှကို ရှင်းပစ်ကာ ချိုးနှိမ့်ခဲ့ကြ၍ မလွှဲသာပဲ ဧကရာဇ်အသစ်ကို ဦးညွှတ်ခဲ့ရသည်။ စလေးသရင်း မျိုးနွယ်စုကိုတော့ လက်ရှိဧကရာဇ်သည် နိုင်ငံ့အရေးထဲ ဝင်ရောက်ခွင့်ကို ကန့်သတ်ထား၍ စလေးသရင်းမျိုးနွယ်သည် ဘာအရေးကိစွကိုမှ မပါဝင်ရပဲ သီးသန့်နေထိုင်ရုံသာ တတ်နိုင်ခဲ့သည်။

လက်ရှိ မျိုးနွယ်စုများ၏ ခေါင်းဆောင်များမှာ ဂရင်းဖင်းဒေါမျိုးနွယ်တွင် သခင်မ မီနာဗာ မက်ဂေါ်နာဂေါ က ဦးဆောင်နေပြီး ရေဗင်ကလောကတော့ အေးအေးဆေးဆေးသာ နေချင်ကြသူများ၍ ဦးဆောင်မည့်သူမရှိချေ။ ဟယ်ဖဲလ်ဖတ်စ်မျိုးနွယ်တွင်တော့ ဒစ်ဂိုရီမိသားစုက ဦးဆောင်ကာ စလေးသရင်းကိုတော့ လက်ရှိဧကရာဇ်က သွေးသန့်ကို ဦးစားပေးလွန်းတာကို လှောင်ပြောင်သည့်အနေဖြင့် စလေးသရင်းသွေး တစ်ဝက်သာနှောသည့် သွေးနှောဖြစ်သူ တွမ်ရစ်ဒယ်ကို မျိုးနွယ်စု အကြီးအကဲအဖြစ် တင်မြှောက်ပေးထားသည်။

Both Villain And ML Are Mine!!Where stories live. Discover now