Unicode
ဒရာကိုသည် လေဟာနယ်ထဲမှာ လွင့်မျောနေသည်။ အရာအားလုံးက မှောင်မိုက်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။
"စိတ်သက်သာရာ ရနေသလိုပဲနော်။"
"ဘယ်သူလဲ?!"
မကြားဖူးသည့် အသံဖြစ်၍ ဘေးဘီဝဲယာကို လှည့်ကြည့်ပေမဲ့ အသံပိုင်ရှင်ကို ရှာမတွေ့။ အသံပိုင်ရှင်ကို ရှာရင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တော့ ကိုယ့်ကိုယ်ပိုင် ခန္ဓာကိုယ်နှင့် ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါ ငါ့ရဲ့ပုံစံအမှန်ပဲ!"
၆' ၄" ခန့်မြင့်သည့် အရပ်အမောင်းနှင့် ငွေရောင်ဖီးနစ်မျက်ဝန်းတွေရှိသည့် ချောမောနေသော သူ့ပုံစံကို သူပြန်ကြည့်လိုက်ရင်း
"ငါ ဘယ်ရောက်နေတာလဲ? အခုကရော ဘယ်သူ့အသံ ကြားနေရတာလဲ?"
"ငါ့အသံ။"
သူနှင့် မျက်နှာချင်းဆိုင်မှာ ပုံရိပ်တစ်ခုပေါ်လာသည်။ မျက်နှာအသွင်အပြင်သည် သူနှင့် ၇၅ ရာခိုင်နှုန်း တူညီနေပြီး ခါးကျော်သည့် ရွှေရောင်ဆံနွယ်တွေနှင့် လူတစ်ယောက်။
"မင်းက..?"
"ဒရာကိုနစ်...ဒါမဟုတ် ဒတ်စ်တနီပေါ့။ မင်းရောက်နေတဲ့ ခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ပဲ။"
"မင်း..."
"မင်းကို ဒီကိုခေါ်ခဲ့တာ ငါပဲ။"
"ဘာ?!"
"မင်းပဲ ငါ့နေရာ ရောက်ရင် ပြောင်းလဲပစ်မယ်ဆို? ဒါကြောင့်ပဲ။"
လျှာရှည်ပြီး ထွက်မိသည့်စကားကြောင့် အခုလို အဖြစ်ရောက်သွားမည်ဟု ဒရာကို တစ်ခါမှ မတွေးမိခဲ့။ ဖြစ်ပျက်ခဲ့သမျှကိုလည်း ပြန်ပြင်လို့မရတော့၍ အံကြိတ်ပြီးသာ မူလဒရာကိုနစ်ကို မေးလိုက်သည်။
"မင်းဘာလိုချင်တာလဲ?"
"ရှင်းရှင်းလေးပဲ။ ငါကမှ တကယ့်အင်ပါယာသခင် ဖြစ်လာရမှာ။ ရိုဇက်တာက ဟီယွန် ကိုင်းလ် နဲ့ ဟယ်ရီ ပေါ်တာ တို့ရဲ့ နောက်ခံကြောင့် ဆယ်လီယာ အင်ပါယာရဲ့ ဧကရီသခင်မ ဖြစ်လာရတာ။ ငါဟာ...လူကြောက်တစ်ယောက်။ ငါဘဝကို အဓိပ္ပါယ်မရှိ ဖြတ်သန်းခဲ့ရတာ။ ငါမိဘတွေကို မျက်နှာတောင် မပြရဲအောင်ပဲ။ မင်းက ငါ့ထက် ထက်မြက်တဲ့သူ ဖြစ်လို့ ငါမလုပ်နိုင်တာကို လုပ်ပေးပါ။"
YOU ARE READING
Both Villain And ML Are Mine!!
Fanficဇာတ်လိုက်ရော၊ ဗီလိန်ရောက ငါ့အပိုင်ကွ!!! ဟား! ဟား!