Unicode
ဆယ်လီယာ အင်ပါယာ။ တတိယမင်းသမီး စံမြန်းရာ ကမ်မယ်လီယာ နန်းဆောင်ထဲတွင် ဖြစ်သည်။
"ဆံပင်ကြီးက ကောင်းလိုက်တာ။ ကျွန်တော်မျိုးမ ဆံထုံးလှလှလေး ထုံးပေးမယ်နော်။"
"ကြိုက်သလိုသာလုပ်။"
အလှပြင်ရသည့် အချိန်များသည် ဒရာကို အမုန်းဆုံးအချိန်များ ဖြစ်သည်။ နာရီပေါင်းများစွာ အလှပြင်ခုံရှေ့မှာ ထိုင်နေရတာက ခါးပင် နာလာရသည်အထိ။
"ဂရင်းဂျာ...မပြီးသေးဘူးလားဟ?!"
"ကျန်သေးတယ်။ ပုံသွင်းရဦးမယ်။ ခဏလေး..."
ဟာမွန်နီသည် လက်ကိုတစ်ချက်ဝှေ့လိုက်ပြီး ဆံပင်ပုံစံအသစ်ကို ပြောင်းသည်။ သဘောမကျ၍ ထပ်ပြောင်းပြန်သည်။ ထပ်မကြိုက်သေး၍ ထပ်ပြောင်းပြန်သည်။ ကြာတော့ ဒရာကို စိတ်မရှည်တော့။
"ဂရင်းဂျာ! တော်တော့!"
"မင်းသမီးကလည်း! အလှဆုံးဖြစ်နေရမဲ့ဟာကို!"
"အပိုတွေ...ငါက ဘယ်လိုနေနေလှတယ်!"
ဟာမွန်နီ ဂရင်းဂျာ:"...."
"မြန်မြန်လုပ်။ ဟယ်ရီလာတော့မှာ။ သွားကြိုရမယ်။"
နောက်ဆုံးတော့ ဒရာကိုသည် ခဲရောင်ဖဲသား ဂါဝန်ရှည်ကို ဝတ်ဆင်လာပြီး နန်းဆောင်ထဲကနေ ထွက်လာတော့သည်။ အသင့်စောင့်နေသည့် ဇာတ်လိုက်က ဒရာကို့ကို မြင်သည်နှင့် အရိုအသေပေးလာသည်။
"ဆာ ကိုင်းလ်! တို့တွေ သွားစရာရှိတယ်နော်!"
"ဆေးဆိုင်ကို သွားမှာပါလား...အရှင်မင်းသမီး?"
"မဟုတ်ဘူး။ ဆေးဆိုင်သွားရင် ဒီလိုဝတ်မလား? ပေါ့ပေါ့ပါးပါးပဲ ဝတ်မှာပေါ့! ဒီနေ့က ဧည့်သည်လာမှာ။ သွားကြိုရမယ်။"
ပြီးခဲ့သည့် တစ်နှစ်အတောအတွင်း ဒရာကိုသည် အမည်မသိဆေးဖော်သူအဖြစ်နှင့် အင်ပါယာတစ်ခုလုံးမှာ နာမည်ကြီးလာခဲ့ပြီး အတော်လည်း စီးပွားရှာနိုင်ခဲ့သည်။ မူလဘဝမှာလည်း ဆေးကုမ္မဏီကို တည်ထောင်ခဲ့သူဖြစ်၍ အကျိုးအာနိသင်ရှိသည့် ဆေးအတော်အများကို ဖော်စပ်နိုင်ခဲ့ပြီး ခဏလေးနှင့် နာမည်ကြီးလာခြင်းပင်။
YOU ARE READING
Both Villain And ML Are Mine!!
Fiksi Penggemarဇာတ်လိုက်ရော၊ ဗီလိန်ရောက ငါ့အပိုင်ကွ!!! ဟား! ဟား!