အချိန်တိုတွင်းမှာပင်ဟုန်းဂျီဆူးသည်အတန်းထဲမှလူတွေအတွက်သာမကကျောင်းမှာပါနာမည်ကြီးကာကျောင်းသားတိုင်း၏ပါးစပ်ဖျားတွင်ရေပန်းစားလှသည် ချမ်းသာလွန်းသောအိမ်၏ကျောထောက်နောက်ခံရှိသည်မှာလည်းလူအများအားကျစရာပင်
ဟုန်းဂျီဆူး၏ဖခင်သည်နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်ကာ အကြီးပိုင်းမှလူတစ်သည်တဲ့လေ
ဝတ်ထားသောနာရီမှအစ လူမှုဆက်ဆံရေးအထိဟုန်းဂျီဆူသည် အထက်တန်းကျလွန်းလှသည်ဂျောင်ဟန်သည်ဂျီဆူးပေးထားသော ပလာစတာလေးကိုကြည့်ကာအတွေးတို့ကိုအရှိန်သတ်လိုက်ရလေသည်
" ယွန်းဂျောင်ဟန်ဘာတွေတွေးနေတာလဲ မင်းကိုယ်မင်းကလွဲပြီးဘာလို့သူ့ကိုအာရုံစိုက်နေတာလဲ "
ဂျောင်ဟန်သည်ခေါင်းကိုခပ်နာနာလေးထုကာသတိပေးလိုက်မိသည် ဒီနေ့ကျမှမိုးကလည်းသည်းထန်စွာရွာနေသည်မှာအညိုးနှင့်ပင်အောက်မေ့ရသည်" ယွန်းဂျောင်ဟန်! ယွန်းဂျောင်ဟန် !! အပျက်မကမွေးလာတဲ့မျိုးမစစ်လေး "
ဂျောင်ဟန်သည်အဖေဖြစ်သူ၏အသံကိုမိုးသံများကြားပင်ကောင်းစွာကြားလိုက်ရပါသည်
ဖခင်ဖြစ်သူစိတ်အခြေအနေသည်ကောင်းမည်မဟုတ်ပါ ဒီနေ့ကအမေ့နှစ်ပတ်လည်နေ့ဖြစ်နေသည်ပင်ဂျောင်ဟန်၏ဖခင်သည်ဂျောင်ဟန့်မျက်နှာကိုစေ့စေ့ကြည့်ကာ
"အဲ့ဒီ့မိန်းမနဲ့တူတဲ့ မျက်လုံးတွေကိုလည်းမုန်းတယ် မင်းကငါ့သားတောင်ဟုတ်မှာမဟုတ်ဘူး ဟိုကောင့်သားနေမှာ မျိုးမစစ်ကောင် မင်းအမေနဲ့အတူတူငါမင်းကိုထည့်ပေးလိုက်ရမှာ "
ထိုစကားကိုနာကျဥ်းစွာဖြင့်ဂျောင်ဟန်၏ခေါင်းအားအနားမှာရှိသောခွက်နှင့်ပစ်ပေါက်လိုက်သည် နာကျင်မှုနှင့်အတူ
နဖူးမှခပ်ပျစ်ပျစ်စီးကျလာသောသွေးတို့ကိုသူခံစားလိုက်ရပါသည်"မွေးမလာသင့်တဲ့ကောင်
အောက်တန်းစားသွေးတွေကမင်းကိုယ်ထဲမှာစီးဆင်းနေတာ"" ဒါဆို အဖေကျေနပ်အောင်ဘာလုပ်ပေးရမှာလဲ ဘယ်လိုလုပ်မှကျေနပ်ပေးနိုင်မှာလဲ "
ဂျောင်ဟန်သည်နာကျင်စွာပင်ထိုစကားကိုနှုတ်မှထွက်လာခဲ့သည် သူထိုစကားတွေကိုစ်တ်ကုန်လှပါပြီ
YOU ARE READING
Evangeline [ Completed ]
Fanfictionဟုန်းဂျီဆူးသည် ယွန်းဂျောင်ဟန်အတွက်တော့ သီးသန့်ဖြစ်တည်လာသည့် နေရောင်ခြည်နွေးနွေးလေးပင်ဖြစ်သည်