ချွဲဂျီဟဲသည်သူမ၏စိတ်ထဲ၌ပျော်ရွှင်မှုကိုခံစားရသည်လားမသေချာသော်လည်းကားကို ယခင်ကအရှိန်ဖြင့်သာတိုးမောင်းနေမိသည်အခုတော့ဟုန်းဂျီဆူးက ယွန်းဂျောင်ဟန်ကိုလည်းမချစ်နိုင်တော့ပေ ။အတွေးဖြင့်သဘောကျကာ တဟားဟားအော်ရယ်လိုက်မိသည်
ထို့နောက်တွင်တော့အတွင်းရေးမှူးလီထံမှဖုန်းဝင်လာသည်မို့ကားမောင်းရင်းဖြင့်ကိုင်လိုက်လေသည်" အတွင်းရေးမှူးလီ ကျွန်မလေ အခုဂျီဆူးကို ယွန်းဂျောင်ဟန်ကိုမချစ်နိုင်တဲ့နေရာဆီပို့ပေးလိုက်ပြီထင်တယ် "
" ဘာတွေလုပ်ပြန်ပြီလဲ ဟုန်းဂျီဆူးကိုချစ်တယ်ဆို ချစ်တဲ့သူကိုအဲ့လိုမလုပ်ရဘူးလို့ ကိုကြီးမပြောထားဘူးလား အွန်းဘီရယ် "
အတွင်းရေးမှူးလီ၏စကားအဆုံးတွင်သူမသည်ခေါင်းမှပြင်းထန်စွာထိုးကိုက်မှုနှင့်အတူမှတ်ဉာဏ်တို့သည်လည်းတစ်စတစ်စပေါ်လာလျက်" ငါကလီအွန်းဘီမလား..ချွဲဂျီဟဲမှမဟုတ်တာ"
လီအွန်းဘီနှင့်လီဂျွန်ဟီးသည်မောင်နှမများဖြစ်ကာမိခင်ဖြစ်သူသည်လည်း စိတ်ပုံမှန်မဟုတ်သော ဖခင်ထံမှနှိပ်ဆက်ခြင်းကိုခံရကာsuicide လုပ်သွားခဲ့သည်
မိခင်ဖြစ်သူ၏သေဆုံးမှုကြောင့်ရောမကြာခဏနှိပ်စက်ခံရမှုကိုမြင်သည်ကြောင့်ရော အွန်းဘီသည်ပုံမှန်စိတ်အခြေအနေမဟုတ်တော့ချေ
ထို့နောက် မိခင်၏မောင်ဖြစ်သောချွဲဥက္ကဌထံတွင်မွေးစားခံရကာ အွန်းဘီကိုတော့သေဆုံးသွားသောသူတို့၏သမီး ချွဲဂျီဟဲအဖြစ်နေစေသည် ဂျွန်ဟီးကတော့ဘယ်လိုပင်ဖြစ်စေ
ညီမဖြစ်သူအနီး၌ရှိရလျှင်အဆင်ပြေသည်
ဥက္ကဌချွဲသည်လည်းလိမ္မာရေးခြားရှိသောအွန်းဘီမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိနေသည်ကိုနောက်မှသိလာရခြင်းဖြစ်သည်" မေမေကပြောထားတယ် ချစ်တယ်ဆိုရင်ကာကွယ်ရမယ်ဆိုတာ အခု ငါဘာတွေလုပ်နေမိတာလဲ "
ချွဲဂျီဟဲသည်သူမ၏ဖုန်းကိုလမ်းမပေါ်သို့လွှတ်ပစ်လိုက်ပြီးနောက် ဂျီဆူး၏မျက်နှာကိုမြင်လာခဲ့သည် သူမသိပ်သဘောကျရပါသောမျက်ဝန်းညိုညိုနှင့်ကောင်လေး
သူမဘာတွေလုပ်လိုက်မိပါပြီလဲ
YOU ARE READING
Evangeline [ Completed ]
Fanfictionဟုန်းဂျီဆူးသည် ယွန်းဂျောင်ဟန်အတွက်တော့ သီးသန့်ဖြစ်တည်လာသည့် နေရောင်ခြည်နွေးနွေးလေးပင်ဖြစ်သည်