Part - 6

338 47 2
                                    


ထို့နောက်တော့ဂျောင်ဟန်သည်အသစ်ဖွင့်သောကော်ဖီဆိုင်လေးတွင်အလုပ်ရခဲ့သည်မို့သူ၏အခြေအနေသည်အရင်လောက်တော့မခက်ခဲတော့ပါ
ကျောင်းချိန်ပြီးတိုင်းထိုကော်ဖီဆိုင်လေး‌တွင် အချိန်ပိုင်းလုပ်ရသည် ဆိုင်ရှင်ဖြစ်သူ  Jihoon Hyung သည်လည်းဂီတဘက်တွင်ဝါသနာပါသူဖြစ်သည်မို့ ဂျောင်ဟန်၏ဘဝတွင် ဟုန်းဂျီဆူးအပြင် ဂီတသံစဉ်တွေပါ ပါဝင်လာတော့သည်

ဂျီဆူးသည်လည်းအချိန်ရရင်ရသလိုဂစ်တာတီးသင်ပေးသည်မို့ဂျောင်ဟန်သည်ကောင်းကောင်းပင်ဂစ်တာတီးနိုင်နေပြီဖြစ်သည်

" အာရီဂူးရားး ငါ့ကောင်လေးဂျောင်ဟာနီးကတော်လိုက်တာ "
ဂျီဆူးသည်ဂျောင်ဟန်၏ဆံပင်လေးများကိုဖွကာပြောနေလေသည်

" အရမ်းတော်လို့ ဆုပေးရဦးမယ် "
ဂျီဆူးသည်ဂျောင်ဟန်၏လက်လေးကိုဆွဲကာလက်ကောက်လေးဝတ်ပေးလိုက်လေသည်
ထို့နောက်အရောင်သာကွဲသောသူ၏လက်မှလက်ကောက်လေးကိုမြင်စေရန်လက်ကိုထောင်ပြလေ၏

"  ကြိုက်လား ဂျောင်ဟာနီးဖို့လှလှလေးကြိုးစားပြီးလုပ်ထားတာ "
ဂျောင်ဟန်သည်တစ်ဖန်သူ၏ဆံပင်လေးကိုပွတ်သပ်ပေးနေသောဂျီဆူး၏ လက်ကိုဆွဲကာပါးပြင်နှင့်ဖွဖွလေးဖိကာ ဆုပ်ကိုင်ထားလေသည်

" အင်း အရမ်းကြိုက်တယ် ဂျီဆူးရား"

" ကိုကို့ကောင်လေးကအချွဲတုံးလေးပဲ "
ဂျီဆူးသည်ထိုကောင်လေးကိုအသည်းယားလွန်းလို့ဖိညှစ်ပစ်ချင်၏ ဂျောင်ဟာနီးသည်အချွဲတုံးလေးပင်ဖြစ်သည်

................. ...............................

" ဂျောင်ဟန် ဒါပြီးရင်ပြန်လို့ရပြီနော် Hyungလည်းဆိုင်ပိတ်တော့မယ် မင်းကောင်လေးကစောင့်နေတာကြာပြီ လည်ပင်းတရှည်ရှည်နဲ့ "
ဂျောင်ဟန်သည် Jihoon hyung ပြောသည်ကိုရှက်ဝဲဝဲလေးဖြင့်ဂျီဆူးကိုချောင်းကြည့်လိုက်မိပါ၏

Jihoon hyung သည် " open " ဆိုသောဆိုင်းဘုတ်လေးအား " closed "ဘက်သို့ပြောင်းကာဂျောင်ဟန်ကိုနှုတ်ဆက်လိုက်လေသည်

" မနက်ဖြန်မှတွေ့ကြမယ်နော် ဂျောင်ဟန် "

" ဟုတ်ကဲ့ hyung "
ဂျောင်ဟန်သည်လည်းjihoon hyungကိုနှုတ်ဆက်ကာ စောင့်နေသောဂျီဆူးဆီသို့ပြေးသွားလေသည်

Evangeline [ Completed ]Where stories live. Discover now