one shot ( mini 1)

929 91 18
                                    

Author’s pov : ကြိုပြီးပြောချင်တာက နန်းတွင်းပုံစံပါ ၊ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် သုံးနှုန်းတဲ့အခါ အငယ်အကြီးဇာတ်လေးလဲ ပေါ်အောင်ရေးချင်တယ် အစ်ကိုတော် နှမတော်ဆိုတာမျိုးမသုံးနှုန်းဘဲ ကိုကိုနဲ့ သဲသဲ ၊ ကလေးငယ်အစရှိတာတွေ သုံးထားလို့ cringe ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ၊ ဒီလိုပုံစံက ကိုယ့် typeမဟုတ်ရင် ကျော်သွားလိုက်ဖို့ပဲ မေတ္တာရပ်ခံချင်ပါတော့တယ် ၊ အရမ်းခံစားချက်တွေမကောင်းနေလို့ ဘယ်လိုအရာမျိုးလိုအပ်နေလဲဆိုတာလေးတွေထောက်ပြပေးခဲ့ရင် ကျေးဇူးတင်မိမှာပါ ။

နွေးထွေးလွန်းလှတဲ့ ရောင်ခြည်ဖြာနု နေအလင်းရောင်သည် ကျယ်ပြန့်လှတဲ့ ဆောင်ဟွမ်းနိုင်ငံနယ်တစ်လျှောက် ချယ်ရီပင်များအပေါ်သို့ အရိပ်ကျလွှမ်းလျက်ရှိပြီး ချယ်ရီပင်တို့သည် နိုင်ငံတစ်ဝှမ်းဖုံးလွှမ်းရန် အားကြိုးမာန်တက်ဖြင့် စိတ်အားထက်သန်နေကြပြီဖြစ်သည် ။

“ မင်းသမီးလေး မဖြစ်ပါဘူး ဘုရား ၊ အဲ့လိုပြေးနေလို့မသင့်တော်ပါဘူး မင်းသမီးလေး ချော်လဲရင် မယ်မယ်က ကျွန်တော်မျိုးမတို့ကို ဆူပါလိမ့်မယ်မဖြစ်သေးပါဘူး ဘုရား “

ဆောင်ဟွမ်းနိုင်ငံတော်ရဲ့ကြီးမားကျယ်ပြန့်လှသော နန်းဆောင်ကြီးထဲ မင်းသမီးငယ်ကို ဘယ်လိုမှပင်ထိန်းမရအောင် ပြေးလွှားဆော့ကစားလျက်ရှိသည် ။

“ အာရီဂူး ကလေးပိစိလေး “

မိုးပြာရောင် ဖျော့ဖျော့လေးနှင့် ပိုးသားနုနုကို ဆင်မြန်းထားသော ဝတ်ရုံနှင့် ထိုမင်သမီးရှေ့ဒူးထောက်ချကာထိုင်လိုက်သော သူကြောင့် မင်းသမီးနောက် လိုက်လျက်ရှိသော ရံရွေတော်တို့သည် ဦးညွှတ်အရိုအသေပေးလျက် နောက်သို့ ဆုတ်ခွာသွားကြတော့သည် ။

“ ကိုကို “

မျက်နှာနုနုလေးကို လက်သေးသေးလေးတွေဖြင့် ပွတ်သပ်ရင်းနှုတ်ခမ်းလေးဆူထော်ကာ ခပ်ဖွဖွလေးခေါ်လာသည့် ကလေးငယ်လေးကြောင့် အူလှိုက်ယားကာ ပါးပြင်နုနုလေးကို နမ်းရှိုက်မွှေးကြူလိုက်သည် ။

“ ကဲပြော ကိုကို့ချစ်သဲလေးက ဘယ်သွားမလို့လဲ “

“ ဟီး အထိန်းတော်ကြီးတို့နဲ့ဆော့နေတာ သူတို့နဲ့ဆော့ရတာ တအားပျော်စရာကောင်းတာ ကိုကိုရဲ့ “

အင်ပါယာ၏ သဲသက်ညှာ Where stories live. Discover now