3(mini)

533 69 9
                                    

Author’s pov : ဖတ်ပြီးရလာတဲ့ ခံစားချက်လေးတွေကိုတော့ reviewရေးပေးခဲ့စေချင်ပါတယ် ၊ အချိန်တစ်ခုပေးရေးပေးထားတာမို့ အကြံပေးတဲ့မန့်လေးတွေတွေ့ရင် တအားပျော်ရလို့ပါ ။

အစစအရာရာပြည့်စုံလွန်းတဲ့ မင်းသားအဖို့ ဒီလို ပြိုလဲဖို့အချိန်ဆိုတာ ရှိလာလိမ့်မယ်လို့မထင်မိခဲ့ပါ ၊ အားလုံးက မှန်းတွက်ထားသလိုပင် မင်းသားရဲ့အားနည်းချက်က မင်းသမီးကင်မ်ဂျိန်းဆိုတာ အားလုံးသိသည် ၊ သို့သော် မင်းသမီး ကင်မ်ဂျိန်းက ကိုကိုမှ ကိုကိုဖြစ်နေခဲ့တာမို့  ခုလိုပြိုလဲရမယ်လို့တော့ဘယ်သူမှတော့ထင်မထား ၊ အဲ့လူတွေထဲမှာ မင်းသားလဲပါသည် ။

“ မင်းသားရယ် နားနားနေနေလေးလုပ်ပြီးခန္ဓာကိုယ်ကို ညှာပါဦးလား မင်းသားရယ် ၊ မင်းသား မျက်တွင်းတွေတော်တော်ကျနေပီ “

“ မနားချင်တော့ပါဘူး အထိန်းတော်ရယ် ကလေးငယ်ကို မေ့မေ့ဖျောက်ဖျောက်ထားချင်တယ်ဆိုရင် တစ်ခုခုကို အာရုံစိုက်ထားမှဖြစ်မှာ “

ဆယ်ကျော်သက်ဘဝကိုဖြတ်ကျော်လာပြီးတဲ့ မင်းသားတစ်ယောက်အနေနဲ့ ဂျောင်ကပ်ကာ ငိုနေမှာမျိုးမဟုတ်တော့ပေ ၊ ဒါပေမဲ့ မျက်ဝန်းတွေကိုဖတ်ခဲ့ရင် အကြိမ်ကြိမ်ပြိုလဲနေကြောင်းသိသာလွန်းလှသည် ။

“ မင်းသား အညောင်းပြေလေးလမ်းလျှောက်ကြမလား “

ရက်အတော်လေးကြာအောင် ဒီစာကြည့်ခန်းထဲမှာပဲထိုင်နေတာမို့ အပြင်ထွက်မလားဆိုတဲ့စိတ်လေးနဲ့ စကားစရှာလိုက်မိသည် ။

“ သွားကြတာပေါ့ အထိန်းတော်ရယ် အခန်းထဲအောင်းတာအတော်ကြာတော့ အတော်လေးတောင်မူးနောက်နောက်ဖြစ်နေပါပြီ “

မင်းသားသည် သူ့ကိုယ်သူ ဘယ်လောက်ပိန်ကျသွားလဲ ရိပ်မိပုံလဲမပေါ်ပါ ။

နေညိုလာတာနဲ့အမျှ ငှက်ကလေးတွေလဲ သူတို့နေထိုင်ရာ အိပ်တန်းဆီကို နေမင်းကြီးငုံ့လျှိုးဝင်သွားတာနဲ့အညီ တိုးဝင်သွားပြီဖြစ်သည် ၊ စန္ဒာလမင်းကြီးကတော့ ကောင်းကင်ထက်မှာနေရာယူလျက်ရှိပြီပေါ့လေ ။

“ မင်းသမီးလေး “

“ အထိန်းတော်ကြီး ဂျိန်းလေ ကိုကို့ကို လွမ်းတယ် “

အင်ပါယာ၏ သဲသက်ညှာ Where stories live. Discover now