extra

700 71 9
                                    

Author’s note : ဒီနေ့ရဲ့ extra လေးကိုတော့ shine ရဲ့ ကျေးဇူးပါကွယ်လေးနဲ့ နားထောင်‌ေစေချင်တယ်ဗျ ၊ ပြီးတော့ ဒီဟာလေးက ဒီနေ့အကုန်ပြီးတာဆိုတော့ တစ်ပုဒ်လုံးပေါ် review လေးတွေသိချင်ပါတယ်‌ဗျ ၊ ရေးပေးခဲ့ရင် တကယ်အားဖြစ်မှာပါ ။

အပြိုပြိုအလဲလဲဖြစ်နေသော ကိုကို့အဖို့ ပြန်ပြီးနလန်ထူနိုင်ဖို့က တော်တော်လေးအချိန်ယူရမည်ဖြစ်သည် ၊ နတ်ဆရာမကြီးအကူအညီဖြင့် ယုတ်မာကြသော မယ်တော်ကြီးတို့မှာလဲ မရှုမလှဇာတ်သိမ်းသွားရပြီဖြစ်သည် ၊ အခုလုပ်ဖို့ကျန်ရှိနေတာက ကိုကို့ရဲ့နန်းတက်ပွဲ ။

“ ခမည်းတော် ဂျိန်းကိုခေါ်တယ်ဆိုလို့ "

“ သမီးတော်လေး အီဆွန်းမင်းသားနဲ့ လက်ဆက်နိုင်မလား “

ဂျိန်းတကယ် ထိတ်လန့်သွားရသည် ၊ ဂျိန်းလက်ဆက်တာတွေ အိမ်ထောင်ပြုတာတွေတကယ်ပင် စိတ်ထဲမရှိပါ ၊ ဂျိန်းကလေးဘဝထထဲက သိတာ ကိုကို့နားကပ်ချွဲရင် အရာရာ ပြည့်စုံနေပြီဆိုတာပင် ။

“ ဂျိန်း မသိဘူး ၊ အီဆွန်းမင်းသားကို ဂျိန်းမချစ်ဘူး “

“ ဂျိန်းကိုကိုမင်းသားလီဆွန်း ကိုလဲ ဂျိန်းက အစ်ကိုတစ်ယောက်လိုပဲချစ်လို့ရမယ်လေ “

ခမည်းတော်ရဲ့စကားကို ဂျိန်းတော်တော်ပြန်စဥ◌်းစားနေမိသည် ၊ သူမစိတ်ထဲက ထူးဆန်းတယ်လို့ခံစားနေရတဲ့ အရာတွေက အပြင်မှာပါ ရိပ်မိချင်စရာကောင်းနေတာလား ခမည်းတော်ကလဲသိနေသည် ။

ဟုတ်တယ် ၊ ဂျိန်းက ကိုကို့ပေါ်မှာ အစ်ကိုထက်ပိုတဲ့မေတ္တာတွေ ထားမိနေတယ် ၊ ကိုကို့နားရှိရရင် ကိုကို့ကြောင့်နွေးထွေးပျော်ရွှင်နေရတယ်လို့ခံစားမိရင် သူပိုပိုပြီး ကိုကို့ကို အားကိုးချင်လာတယ် ။

“ မဖြစ်ဖူးဆိုတာသိတယ်မလား သမီး ၊ ကိုယ့်နှမတော်နဲ့ ပြန်လက်ဆက်တဲ့ ဘုရင်တစ်ပါးကို ဘယ်လိုလုပ်ပြည်သူတွေက လက်ခံကြမှာလဲ သမီးလွဲမှားပြီးမေတ္တာတွေထားနေမိပြီပဲကွယ် “

ဂျိန်းတကယ်လန့်ရသည် အရာရာကို ခမည်းတော်ကသိနေသည် ၊ အဲ့တာအပြင် သူမကို ကိုကိုနဲ့ဝေးဝေးနေအောင် အနေဝေးအောင် အီဆွန်းနဲ့ စီစဥ◌်နေတာမဟုတ်လား ။

အင်ပါယာ၏ သဲသက်ညှာ Where stories live. Discover now