2 ( mini )

499 69 4
                                    

တစ်ညတာလုံးကောင်းကောင်း အိပ်ပျော်သွားပုံရတဲ့ကလေးငယ်လေးကို ကြည့်ရင်းလီဆွန်းပြုံးလိုက်မိသည် ။

“ ကလေးလေး ထတော့လေ “

မင်းသားအပေါ် ဆိုးနွဲ့လွန်းလှသော ဒီကလေးက ခုထိ ရင်ခွင်ထဲကပ်ကာ အီချင်နေတုန်း

“ ကလေး ထတော့လေ ကိုကိုက ညီလာခံကိုတက်ကိုတက်မှဖြစ်မဲ့ကိစ္စလေးတွေရှိနေတယ် ကလေးထမှဖြစ်မှာ “

မင်းသားစကားသံကိုကြားတော့မှ အိပ်မှုန်စုန်မွှားမျက်နှာလေးကို စောင်ထဲကထုတ်လာသည် ။

“ ကိုကိုက ဘယ်လဲ အစောကြီးရှိသေးတာကိုလေ “

နဂါးဝတ်ရုံ ခဲရောင်ဖြင့်ခန့်ညားလျက်ရှိသော ကိုကို့ကို အလိုမကျသလို မျက်မှောင်ကျုံ့ရင်းမေးလိုက်သည် ။

“  ညီလာခံတက်ရမှာလေ ကလေးရဲ့ ကိုကိုမဖြစ်မနေတက်ရမှာဒီနေ့က “

“ ကိုကိုက အိမ်ရှေ့စံပဲရှိသေးတာ ဘာလို့ကိုကိုကမဖြစ်မနေလဲ “

ဒီကလေးကို ဘယ်လိုမှလှည့်ပတ်၍မရပါ ၊ ဒါပေမဲ့လိမ်ရမည်မဟုတ်လား ။

“ ဒီလိုလေကလေးရဲ့ ၊ အနောက်နယ်ခြားကုန်သွယ်ရေးနဲ့ပတ်သတ်တဲ့ လူကြီးတွေလာကြမှာ ကိုကိုတို့က ရေရှည်လက်တွဲထားရမှာ ၊ အဲ့တော့ ခမည်းတော်က ကိုကို့ကို ထီးနန်းအပ်လိုက်ရင် ကိုကိုက
သူတို့နဲ့ထပ်ပြီးပတ်သတ်နေရမှာလေ ၊ အဲ့တော့ ခုထဲက ရင်းနှီးကျွမ်းဝင်မှုရှိအောင် ကိုကိုနဲ့ မိတ်ဆတ်ပေးထားမဲ့သဘော “
ဆူထွက်လာသောနှုတ်ခမ်းလေးကိုကြည့်လိုက်ခြင်းအားဖြင့် သူမလေး စိတ်ထဲမကြည်လင်တော့တာသိသာလွန်းလှသည် ။

“ ကဲ ပြန်လာရင် ကိုကိုက ချော့ပါ့မယ်ကလေးရယ် “

“ ကိုကို့ကို စိတ်ကောက်တာမဟုတ်ဖူး ခမည်းတော်ကို စိတ်ကောက်တာ ၊ ကိုကိုပင်ပန်းအောင် အလုပ်တွေအများကြီးခိုင်းလို့လေ “

“ ချစ်စရာလေးကွာ ကိုကို့သဲလေးက ၊ ခမည်းတော်ကိုအပစ်မမြင်ပါနဲ့ကွယ် ခမည်းတော်ဆီက ဘုရင်အဖြစ်ထီးနန်းရလာရင် ဒီနန်းတော်ကြီးက ကလေးစိတ်ကြိုက်ဖြစ်ပြီပဲမဟုတ်ဖူးလားပြော “

အင်ပါယာ၏ သဲသက်ညှာ Where stories live. Discover now