ချက်ချင်းဆိုသလို ထွက်လာခဲ့ကြသည်မလို့ နှစ်ယောက်လုံး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ။
ညဘက်လေအေးအေးတိုက်နေတာကို သဘောကျပါတယ်ဆိုပြီး တစ်ဂျီဂျီဖြင့် ကားမှန်ဖွင့်ခိုင်းနေသော ဆွန်းဟန်ကြောင့် မတတ်နိုင်ပဲ ကားမှန်ကိုချပေးမိသည်။
ညဘက်ဆိုတော့ ကားတစ်စီးနှင့်တစ်စီးအဖြတ်လည်းနည်းသောကြောင့်၊ ကားလမ်းမထက်တွင် သူတို့နှစ်ယောက်သာရှိသည့်အတိုင်းသာ။
မသက်သာလို့သာဖွင့်ပေးထားရပေမယ့် ကိုယ်ချစ်ရသူ ဖျားမှာကိုစိတ်ပူသည့်အတွက် ကားမှန်ကိုပြန်တင်ရင်း
"တော်သေးတာပေါ့ ကိုကို့ဟန်နီးလေးကအိမ်ပိုင်နေလို့ ကိုကိုလေအဲ့တုန်းက ဟန်နီးကိုကိုနဲ့ခရီးသွားချင်တယ်ဆိုတဲ့စကားအပြင်ခေါင်းထဲမရောက်တော့တာ"
"အမြဲအခုလိုလိုချင်တဲ့အရာတိုင်းချက်ချင်းဖြည့်စီးပေးမှာလား"
"သေချာတာပေါ့ ကိုယ်လုပ်ပေးနိုင်တာမှန်သမျှ အဲ့ထက်လည်းပိုနိုင်တယ် ဟန်နီးအတွက်ဆို ကိုယ်လေမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုပါ ဖြစ်အောင်လုပ်ပေးချင်တာ"
"ကျေးဇူးပါ" ကျွန်တော့်ဘက်ကိုလှည့်ပြီး ကြည်လဲ့လဲ့မျက်ဝန်းလေးတွေနဲ့ပြောလာတယ်။
"ပြောဖို့လိုလို့လား"
"မလိုမှန်းသိပေမယ့်လေ တကယ်ပြောချင်မိလို့ပါ"
"ဟုတ်ပါပြီ ဒါနဲ့ အိပ်ချင်အိပ်နော် ကိုယ်ကတစ်ယောက်ထဲလည်းမောင်းနိုင်တာမလို့"
"မအိပ်ပါဘူး မလိုတောင် ကိုကိုပျင်းနေမှာပေါ့"
"ဒါဆိုဟိုရောက်မှနားနော် ကိုကိုအကုန်စီစဥ်ထားပြီးသားမလို့"
"အွန်း"
လေအိုးလေဆွန်းဟန်တစ်ယောက် ပတ်ဝန်းဘင်းအား စကားတွေတောက်လျှောက်ပြောလာရင်း မကြာပါဘူး အိပ်ပျော်သွားလေရဲ့။
-
Jeju-Do
ရောက်လာသည်နှင့်တစ်ပြိုင်နက် ဆိုးလ်မြို့နှင့်နဲနဲမှမတူတော့သည့်လေထု။ စိမ်းစိမ်းစိုစိုအရာများနှင့်ပြည့်နက်နေတဲ့သဘာဝအလှ၊ ကောင်းကင်ပေါ်က ဖြူစွပ်လှတဲ့တိမ်တွေဟာလည်း ကြည်ပြာရောင်ကောင်းကင်ကြီးကိုနောက်ခံထား၍ ကြည့်ရသည်မှ ဘယ်လောက်တောင်လှလိုက်တဲ့ ပန်းချီကားတစ်ချပ်လဲ။ ဒါပေမယ့် သူ့ဘေးက အိပ်ပျော်နေသည့်ကောင်လေး၏ ကြည့်ကောင်းနေမှုကိုမှီပါ့မလား သူပြောလိုက်ရင်ကောင်းကင်ကြီးငိုသွားမှာပေါ့။ ဒါမယ့် သူ့ချစ်သူ၏အလှတရားမှာလဲ သူ့မျက်လုံးထဲမှာတော့ တုနှိုင်းစရာမရှိအောင်ကိုလှပလွန်းလှသည်။
YOU ARE READING
𝗬𝗢𝗨 & 𝗠𝗘 ||𝐖𝐨𝐧𝐇𝐚𝐧||
Fanfiction"ဒီနေ့ကစပြီး မင်းက ကိုယ့်ရဲ့ကလေးလေးပဲ မင်းငိုရင်ချော့မယ် ဝမ်းနည်းနေရင်ဖက်ထားမယ် ကိုယ့်ကိုချစ်နေရင်ရပြီ" -WonBin "ကျွန်တော်က စချစ်ခဲ့ရတာပါကိုကို၊ ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံးကိုကိုတစ်ယောက်ကိုပဲ ချစ်သွားမှာပါ" -SeungHan