"ကိုကို~ သေချာသုတ်လေဗျာ""သုတ်နေပါတယ် ဟန်နီးရဲ့"
အပြန်၌ ဝန်ဘင်းမှာမိုးရေတစ်ချို့စိုလာသည့်မိူ့ စိတ်ပူပြီး ရေသုတ်ဖို့ကို ပြောနေခြင်းဖြစ်သည်။
"လာပါ ကျွန်တော်ပဲသုတ်ပေးတော့မယ်"
ဝန်ဘင်းကို မှန်တင်ခူံရှေ့ကခုံလေးမှာထိုင်ခိုင်ပြီး သူကမတ်တပ်ရပ်အနေထားဖြင့် သုတ်ပေးနေသည်။ ထိုစဥ် ဆွန်းဟန်၏ခါးတို့ကိုဖက်လိုက်သည့်ဝန်ဘင်း။
"ကိုကိုနော်"
"ချစ်လို့ဖက်တာပဲဟာ"
"ဆံပင်တွေကရေခြောက်ဖို့ကြာလိုက်တာ"
"ကိုယ်ဆံပင်ညှပ်လိုက်ရမလား"
ချက်ချင်းဝန်ဘင်းအပေါ်ကျရောက်သွားတဲ့မျက်စောင်းတစ်ချက်။
"တစ်ညလုံးသုတ်ရမယ်ဆိုလည်းသုတ်ပေးမယ် ညှပ်ဖို့မစဥ်းစားနဲ့"
"ကိုယ်ကစတာပါ ဟန်နီးမကြိုက်တာဆိုဘာမှမလုပ်ဘူး"
ဝန်ဘင်း၏ ခေါင်းလုံးလုံးလေးကိုဆွန်းဟန်နမ်းလိုက်သည်။
"ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား"
"ချစ်တယ် အဲ့ချစ်တယ်ဆိုတဲ့စကားကလေ မရိုးသွားလောက်ပါဘူးနော်"
"ဟန်နီးအတွက်တော့မသိပေမယ့် ဟန်နီးဆီကလာတဲ့အဲ့ဒီ့ချစ်တယ်ဆိုတဲ့စကားလေးက ဘယ်တော့မှရိူးသွားမှာမဟုတ်ပါဘူး"
"ကျွန်တော့်အတွက်လည်းဘယ်တော့မှမရိုးသွားဘူးဆိုတာသေချာတယ်"
"ကိုယ်မင်းနမ်းလို့ရလား"
ခေါင်းကိုအသာယာငြိမ့်ပြသောဆွန်းဟန်ကြောင့် ဝန်ဘင်းပြုံးမိသွားပြီး နမ်းရှိိုက်ရန် မတ်တပ်ရပ်ကာ ဆွန်းဟန်၏ ခေါင်းလေးကိုထိန်းလိုက်သည်။
ring ring ring~
"ဟာ ဘယ်ကဖုန်းလဲကွာ"
"မကိုင်နဲ့""ရမလားကိုကိုရယ် အရေကြီးဖုန်းဆိုဘယ်လိုလုပ်မလဲ"
"ခဏနော်"contact nameကိုကြည့်လိုက်တော့ Mommyတဲ့။
"ဟယ်လိုမာမီ"
-သား ဘယ်မှာလဲ အဆောင်မှာမရှိဘူးဆို မာမီစိတ်ပူနေတာ-
မာမီ့ကိုမပြောပဲထွက်လာခဲ့သည်မို့ စိတ်ပူနေမှာအမှန်ပင်ဖြစ်သည်။
YOU ARE READING
𝗬𝗢𝗨 & 𝗠𝗘 ||𝐖𝐨𝐧𝐇𝐚𝐧||
Fanfiction"ဒီနေ့ကစပြီး မင်းက ကိုယ့်ရဲ့ကလေးလေးပဲ မင်းငိုရင်ချော့မယ် ဝမ်းနည်းနေရင်ဖက်ထားမယ် ကိုယ့်ကိုချစ်နေရင်ရပြီ" -WonBin "ကျွန်တော်က စချစ်ခဲ့ရတာပါကိုကို၊ ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံးကိုကိုတစ်ယောက်ကိုပဲ ချစ်သွားမှာပါ" -SeungHan