ဒီနေ့မနက်အစောပြန်ဖို့အတွက် နှစ်ယောက်လုံး အစောကြီးနိုးနေကြသည်။
" ကိုကို ကျွန်တော်တို့ နောက်ကျရင်ဒီလိုထပ်လာကြမယ်နော် "
" ဒီအိမ်ကြီးကလည်းထွက်မပြေးသလို ကိုကိုကလည်းဟန်နီးဘေးမှာအမြဲရှိနေမှာမလို့ အချိန်မရွေးပြန်လာလို့ရတယ် "
" ထပ်ပြီးလာကိုလာမှာ လည်ရတာမဝသေးဘူး "
" နောက်တစ်ခါလာရင် အကြာကြီးနေပြီး ဟန်နီးစိတ်ကြိုက်လျှောက်လည်ကြမယ်နော် "
ထိုသို့ပြောလိုက်မှ ချစ်စရာမျက်နှာလေးထက်မှာ အပြုံးပန်းလို့တို့ပါ ပွင့်လန်းသွားတော့သည်။
အလာထဲက အဝတ်တစ်ထည်ကိုယ်တစ်ခုမို့ ဘာမှပြန်ယူစရာမပါခဲ့ပါ။ ဒီရက်ပိုင်းဝတ်ခဲ့သောအဝတ်တွေကိုတော့ နောက်တစ်ကြိမ်ပြန်လာမည်ဟူသောအတွေးတို့ကြောင့် ထားခဲ့လိုက်သည်။
ဒီရက်ပိုင်းအတွင်းမှာ ဆွန်းဟန်နဲပိုပြီးရင်းနှီးလာတယ်လိူ့လည်း ခံစားရသလို၊ ကိုယ့်ကိုဘယ်လောက်တွယ်တာတဲ့ကလေးတစ်ယောက်လဲဆိုတာကိုပါ သိခဲ့ရသည်...။
_
ဆွန်းဟန်တစ်ယောက်ကတော့ လွမ်းနေပြီဖြစ်တဲ့ မာမီ့ဆီကို အပြေးရောက်ခဲ့တာပေါ့။
" မာမီ မာမီ "
အိမ်ထဲရောက်တာနဲ့ တစွာစွာဝင်သွားတာ တွေ့လိုက်ရသူမှာ အဘိုးဖြစ်သူမို့ မျက်နှာကချက်ချင်းပြောင်းသွားသည်။
အဘိုးကတော့ ဘာတွေအခြေနေကောင်းနေလဲမသိပေမယ့် မျက်နှာအတော်လေးလန်းနေသည်။ ထပ်ပြီး သူ့ကိုနားချဦးမလို့လားလို့တော့ တွေးနေမိသည်။
" အဘိုး...ဟိုဟာ..နေကောင်းတယ်မလား "
" ကောင်းပါတယ်ကွာ မင်းမာမီကိုလာတွေ့တာမလား အပေါ်ထပ်မှာရှိတယ် တတ်သွားလိုက် "
" ဟုတ် "
အရင်တစ်ခေါက်ရန်ဖြစ်ပြီးသည်ထဲကအဘိုးနဲ့စကားမပြောတာ အခုတစ်ခေါက်ကျလည်းသူမဟုတ်သည့်အတိုင်းပင်။ အဘိုးစိတ်ကိုဆွန်းဟန်တစ်ယောက် ဘယ်လိုမှနားမလည်နိုင်တော့ပါ။
ကိုကိုလည်းဒီအဘိုးကိုဘယ်လိုရင်ဆိုင်မလဲမသိဘူး ဟူးးး...
သက်ပြင်းအရှည်ကြီးချလိုက်ပြီး မာမီ့ဆီသို့တတ်ခဲ့သည်။
YOU ARE READING
𝗬𝗢𝗨 & 𝗠𝗘 ||𝐖𝐨𝐧𝐇𝐚𝐧||
Fanfiction"ဒီနေ့ကစပြီး မင်းက ကိုယ့်ရဲ့ကလေးလေးပဲ မင်းငိုရင်ချော့မယ် ဝမ်းနည်းနေရင်ဖက်ထားမယ် ကိုယ့်ကိုချစ်နေရင်ရပြီ" -WonBin "ကျွန်တော်က စချစ်ခဲ့ရတာပါကိုကို၊ ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံးကိုကိုတစ်ယောက်ကိုပဲ ချစ်သွားမှာပါ" -SeungHan