Ep.02- လူပျိုရည်တကယ်ပျက်ပြီ (Part-1)

3.5K 14 0
                                    

ကျနော် လူပျိုရည်စပျက်တာက တက္ကသိုလ် ဒုတိယနှစ်လောက်ကမှဗျ။ အဲ့တုန်းက တောင်ကြီးဘက်က သူငယ်ချင်းကောင်မလေးနဲ့ပေါ့ဗျာ။

အဲ့အကြောင်းပြောမယ်ဆို သူနဲ့ စရင်းနှီးတဲ့ intro ပြောမှရမယ်ဗျ။ ပေရှည်တာမုတ်ပါဘူး။ နည်းနည်းပြောပြမှ ဇာတ်ရည်လည်မှာမလို့ပါ။

ကျနော်ဆယ်တန်း‌ဖြေပြီးပြီးချင်းတုန်းက တောင်ကြီးက အဒေါ်တွေဆီသွားနေတယ်ဗျာ။ ဘာရယ်မဟုတ် ဒီတိုင်းအလည်သက်သက်ပေါ့။ အဲ့မှာ ၅သိန်းတန် CDMA လားမသိဘူး 910 ကဒ်‌တွေပေါ်နေပြီ။ အမေက သူတို့နဲ့ဆက်သွယ်လို့ရအောင် သူကိုင်နေတဲ့ ဖုန်းကို ကျနော့်ကို ပေးထားလိုက်တယ်။ ဟမ်းဆက်ကတော့ ကီးပတ်နဲ့ပေါ့ဗျာ။ ကျနော်လဲ ဖုန်းစကိုင်ရတော့ မျောက်အုန်းသီးရတဲ့အတိုင်း အတန်းထဲက သူငယ်ချင်းတွေရေးပေးတဲ့ auto စာအုပ်ထဲက နံပါတ်တွေ အကုန်လျှောက်ခေါ်ပြီး အပျင်းပြေ စကားပြောတာပေါ့ဗျာ။ အဲ့မှာ ဘော်ဒါတစ်ယောက်က မင်းတောင်ကြီးရောက်နေတာဆိုရင် အတန်းထဲက စော်လေးလဲ တောင်ကြီးသူပဲ သူနဲ့တွေ့ပြီး မုန့်တွေဘာတွေကြွေးခိုင်းပေါ့ဆိုပြီးပြောတယ်။ အေး ဘယ်သူလဲဆိုတော့ သိမ့်ကြည်ဖြူ ( အမည်လွှဲပါ။ crushခဲ့ရတဲ့စော်တွေ တွဲခဲ့ဖူးတဲ့ ရည်းစားတွေထဲကနာမည်တွေနဲ့ သူ့နာမည်ထဲကတစ်လုံးနဲ့ကို ပေါင်းပြီး ကိုယ့်ဖာသာ နာမည်ပေးပစ်လိုက်တာ ဟိ) လေတဲ့။ ဪအေး ဟုတ်သားပဲပေါ့။ အဲ့စော်နဲ့က ကျောင်းတက်တုန်းကအဲ့လောက်ကြီးတော့ မခင်ဘူးရယ်သူငယ်ချင်းက သူ့ထဲမှာ ဖုန်းနံပါတ်ရှိတယ်ဆိုပြီး ဖုန်းနံပါတ်ပေးတော့ ကျနော်ကဆက်ပေါ့။ ဆက်ပြီးတော့ မိတ်ဆက်တော့ အေးသိတယ် ဘာညာပေါ့။ စကားစမြည်ပြောကြတာပေါ့။ အခန်းထဲကလူတွေအကြောင်း ဆရာတွေအကြောင်း စာမေးပွဲအကြောင်းပေါ့ဗျာ။ သူကတော့ အောင်ရင်တော်ပြီတဲ့။ ကျနော်ကတော့ ဘနှခုလောက်မှန်းတယ် ဘာညာပေါ့။

နေ့တိုင်းစကားတွေပြောပြီး တစ်ရက်ကျ အပြင်မှာတွေ့‌ရအောင် မုန့်ဝယ်ကြွေးမယ်ဆိုပြီး ကျနော်က ဘာရယ်မဟုတ် ပျင်းလို့ စ ခေါ်လိုက်တယ်။ သူက ရပါတယ် သူကြွေးမယ်တဲ့။ အဲ့တာနဲ့ တစ်ရက်ချိန်းကြတာပေါ့။ တောင်ကြီးက စူဠာမုနိ ဘုရားမှာပေါ့ဗျာ။ အဲ့ကမုန့်ဆိုင်တန်းမှာ မုန့်ထိုင်စားကြရင်း စကား‌တွေပြောကြတယ်။ အပြင်မှာပြောကြတော့လဲ ဖုန်းထဲပြောထားတဲ့စကားတွေပါပဲဗျာ ကလေးစိတ်က သိပ်မကုန်သေးတော့။ လူပျိုအပျိုစကားတော့ သိပ်မပြောသေးပါဘူး။ ဒါပေမဲ့ အဲ့တုန်းက အတန်းထဲကလူတွေက တွဲတဲ့သူတွေက တွဲနေကြပြီဗျ။

တွေ့ကြုံဆုံသမျှ Sex ကိစ္စWhere stories live. Discover now