Ep.01-ပထမဆုံး မာဆတ်အတွေ့အကြုံ

4.4K 13 1
                                    

အဲ့တုန်းက ကျနော့်အသက် ၁၆နှစ်လောက်ပဲ ရှိအုံးမယ်ဗျ။ ဆယ်တန်းပြီးတော့ တက္ကသိုလ် first year စတက်ချိန်။ ဘီယာ၂ခွက်လောက်သောက်ပြီး စမူးတတ်တဲ့အချိန်ပေါ့ဗျာ။ ကျနော့်ဘော်ဒါတွေကတော့ ကျနော့်ထက်အရက်ဘီယာ သောက်တာစောတယ်။ အဲ့တုန်းက ကိုယ်တွေ တစ်ခွက်နဲ့မူးနေချိန် သူတို့က ၄-၅ ခွက်လောက်ထိသောက်နေပြီ။ တချို့ကောင်တွေဆို ၇-၈ခွက်လောက်ထိသောက်နိုင်နေကြပြီ။ ငယ်သေးတော့ ဘာလုပ်လုပ် ဘော်ဒါတွေတအုပ်ကြီးပေါ့ဗျာ။ ၂၀၁၂-၁၃ လောက်က ဘီယာတစ်ခွက် ၆၀၀ လားပဲဗျာ။ တစ်‌ယောက် ၅၀၀၀ စိုက်ရင် အမြည်းအလျှံအပယ်နဲ့ ခွေးသောက် သောက်လို့ရတယ်။

တစ်ညဗျာ ဘော်ဒါတွေ ၇ယောက် ၈ယောက်လောက်ရှိမယ် ဆိုင်ကယ် ၃စီးနဲ့ ဘီယာသောက်ပြီးပြန်လာတော့ ကျုံးဘေး ၂၆လမ်း‌ဘက်မာ ခနရပ်ပြီး ဘာရယ်မဟုတ် ပေါက်ကရတွေ ထိုင်ပြောနေကြတာပေါ့။ အဲ့ချိန်မှာ ငထန်ကောင် တစ်ကောင်ကထပြီး ဟျောင့်တွေ မာဆတ်သွားမယ်တဲ့ ။ ကျွန်တော်တို့အားလုံးထဲမှာ အဲ့ချိန်တုန်းက၂ယောက်လောက်ပဲ မာဆတ်ရောက်ဖူးတဲ့ကောင်ပါတယ်။ ကျန်တဲ့ကောင်တွေက ကျွန်တော်အပါအဝင် လုံးဝမရောက်ဖူးဘူး။ အဲ့တာနဲ့ ကျန်တဲ့ကောင်တွေက သွားမယ်ကွာ ဆိုပြီး သွားကြတယ်။ ကျနော်ကတော့ အစက ဝင်ဖို့စိတ်ကူးမရှိပါဘူး။ မလုပ်ရဲတာလဲပါတာပေါ့။ ငယ်တုန်းက အဲ့ကိစ္စတွေကို အပြစ်ကြီးတစ်ခုလို မြင်နေချိန်လေ။ ကျနော့်ဆိုင်ကယ်နောက်ကလိုက်တဲ့ ဘော်ဒါကလဲ အေးအေးဆေးဆေးသမားဆိုတော့ သူလဲဝင်မယ်မထင်ဘူး‌ပေါ့‌ဗျာ။ သူရောကျနော်ရော အေးဆေးသမားဆိုတော့။ အဲ့ဒါနဲ့ ကျနော့်ဘော်ဒါကအရင်စမေးတယ်။ မင်းက ဝင်မှာလားတဲ့။ မဝင်ပါဘူးကွာ လို့ ။ ရောဂါတွေဘာတွေ ကြောက်တယ်ဟ ဘာညာပေါ့။

အဲ့တာ‌နဲ့ ဟိုလဲရောက်ရော စဝင်ဖူးတဲ့ကောင်တွေရော ဝင်ဖူး‌နေကြကောင်တွေရော ဝင်သွားကြတယ်။ ကျန်ခဲ့တာက ကျနော်အပါအဝင် ၃ယောက် ကောင်တာနားမှာထိုင်စောင့်ကြတယ်။ အဲ့ချိန် တစ်ကောင်ကထပြီး ကောင်တာနားထသွားပြီး ခပ်တည်တည်နဲ့ ဝင်သွားတယ်။ ကျနော်တို့ကို စပ်ဖြီးဖြီးနဲ့လှည့်ကြည့်သွားသေးတယ်။ အဲ့တာနဲ့ ကျနော့်နောက်ကလိုက်တဲ့ကောင်ကလဲ သားကြီး ငါတို့ပဲကျန်တော့တာ မင်းဝင်မလားတဲ့။ ကျနော်ကလဲ လီးမှမဝင်ဘူးလို့ဆိုတော့ ငါစိုက်မယ်ကွာတဲ့ ။ ကျနော်ကလဲ အ့ဆို မင်းရောဝင်မှာလား ငါစိုက်မယ်ဆိုတော့ အေးငါရောဝင်မှာတဲ့ ငါစိုက်မယ်တဲ့။ အဲ့တာနဲ့ကျနော်လဲ ချကွာဆိုပြီး ကောင်တာနားထသွားတုန်း စော်ကြီးတစ်ဗွေ ကောင်တာနားရောက်လာတယ်။ ကောင်တာက မန်နေဂျာနဲ့ ကရင်လိုတွေ သူတို့ဖာသာပြောနေကြတယ် ပြီးတော့ ထွက်သွားတယ်။ ကျနော်လဲ အကို အဲ့စော်နဲ့ဝင်မယ်ဆိုပြီး ပြောလိုက်တယ်။ ကျနော့်ဘော်ဒါကလဲ ဘယ်ချိန်ပျောက်သွားမှန်းမသိဘူး။ ကျနော့်ကို အဲ့က ဝိတ်‌တာက အခန်းထဲလိုက်ပို့တယ်။

တွေ့ကြုံဆုံသမျှ Sex ကိစ္စWhere stories live. Discover now