(Unicode)
🍁ခင်များ (or) ပုစိ🍁
တဖြည်းဖြည်းနဲ့ နွေရာသီကျောင်းပိတ်ရက်ကုန်လို့ ကျောင်းဖွင့်ချိန်တောင် ရောက်လာခဲ့ပါပြီ။ ကျောင်းဖွင်ချိန်ဆိုတော့ မိုးရာသီဘက်ပေါ့။ ဒီနေ့ရာသီဥတု သာယာတယ်။နေလဲသာတယ်။ စိန်ပန်းပွင်တေလဲ နီရဲလို့ အပြိုင်အဆိုင်ပွင့်နေကြတာ။ ဂျီမင်တယောက် ဒီနေ့မှ အလုပ်စဆင်းမာဆိုတော့ မနက်စောစောထကာ နောက်မကျစေဖို့ ပြင်ဆင်လိုက်သည်။ ရင်တေလဲ ခုန်မိပါတယ်။
"ဂျီလေး..ပြီးပြီလား"
"ဟုတ်ကြီးကြီး.."
"ဂျောင်ကုနဲ့ တူတူသွားနော်.."
"ဗျာ.."
"ဘာလို့လဲ ဂျီလေ.."
'အာ..ဘာမဖြစ်ပါဘူး ကြီးကြီး..."
.....
"မေမေ သားဆိုင်ကယ်နဲ့သွားမာ .."
"ဂျောင်ကု.."
"ပုစိ..ခများ လိုက်ရဲရင်လိုက်..မလိုက်ရဲရင် ကိုးခြေားကိုးသုံးနဲ့ဂျောင်း"
"ပြောလေ ဆိုးလေ ဂျွန်ဂျောင်ကု.."
"ရတယ် ကြိးကြီး.."
ဟွန့် လူကို တမင်အရွဲ့တိုက်နေတာ ဘာ်ထိ အရွဲ့တိုက်နိုင်လဲ ကြည့်ကြသေးတာပေါ့။
"လိုက်ရဲတယ်ပေါ့.."
"သေလဲ တူတူပေါ့.."
"ပုစိ ခများ.."
"ဘာလဲ ဘာဖြစ်လဲ.."
အ့သေးသေးလေး တကယ်ကိုင်ပေါက်ချင်တယ်။ ဘယ်လိုလေးမှန်းကို မသိဘူး ကြည့်ရင်း အမြင်ကပ်ပါတယ်ဆိုမှ မျက်လုံးပြူးပြလိုက် နှုတ်ခမ်းထော်ပြလိုက် ရွဲ့ပြလိုက်..တကယ် တကယ် လုပ်ချင်ကိုင်ချင်စိတ်ပေါက်အောင် ဆွပေးနေတာ။
"ဒါဆိုလဲ သွားမယ်.."
"အင်း.."
ဟူး...စိတ်လျော့ ဘုရားတပေါ့။
"မင်းဆိုင်ကယ်က တအား မြင့်တယ်"
"ခများကိုက အရပ်ပုတာ.."
"မင်း.."
"ခြေနင်းခုံပေါ်တက်ပြီး ခွပေါ့.."
"ဟူး..."
"ကြောက်နေတာလား.."
"ဟက်!!!"