🍁part 25🍁

800 102 2
                                    

🍁ခင်များ or ပုစိ🍁

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့....အဆင်ပြေနေပါတယ်....
ဒီနေ့တော့ ကြီးကြီးမရှိလို့ အိမ်ကို အစောပြန်ရမယ်....

"မောင့်...."

"ဟျောင်း...."

"ခုတော့ ငါ့ကို စိတ်ပျက်လို့ ဒါတေလုပ်တတ်နေပြီလား..."

"မဟုတ်ပါဘူး...."

"ဒါဆို ဘာလို့ ဒီဟာတေသောက်နေတာလဲ ပြော...."

"မောင်...."

"ဂျောင်ကု မင်းငါကို တကယ်စိတ်ပျက်သွားတာလား...ဒီရက်တေထဲလဲ မြင်တာနဲ့ ရှောင်နေတာ ဘာလဲ မမြင်ချင်တော့ဘူးလား..."

"ကျစ်...မောင်တောင်းပန်ပါတယ် ပြီးတော့ ရှောင်နေတာ မဟုတ်ပါဘူး... "

"‌ငါတို့ လက်ထပ်ဖို့ အကောင်းဆုံးအချိန်တေကို ငါက စောင့်နေတာလေ အချိန်မတန်သေးလို့ ငါငြင်းနေရတာ ဒါကို မင်းက နားမလည်ပေးတဲ့အပြင်.....ခုမင်းက ဆေးလိပ်ရော ဒီအရက်တေပါ သောက်တတ်နေတာလား..."

"မောင် ခုမှ စမ်းကြည့်တာ.....
ပြီးတော့ လက်ထပ်ဖို့ ဟျောင်းငြင်းနေတဲ့ကိစ္စနဲ့ ခုဖြစ်နေတဲ့ ဒီကိစ္စနဲ့ ဘာမဆိုင်ဘူး...ပြိးတော့ မောင် ဟျောင်းကို ဘယ်တုန်းကမှ စိတ်မပျက်ဖူးဘူး...မောင့်ကို မစော်ကားနဲ့..."

"မဟုတ်လို့လား...မင်းက လက်ထပ်ဖို့ပဲတွေးပြီး ကျန်တာ ဘာမြင်တော့လို့လဲ...."

"မင်း မောင့်အချစ်ကို စော်ကားနေတာ.....
မောင်လက်ထပ်ချင်တာ မင်းကို အရမ်းချစ်လို့...
စောင့်ခဲ့ရတဲ့အချိန်တေလဲကြည့်အုံး တနှစ်ပြီးတနှစ်နဲ့  .....မောင့်ဘက်ရော မင်းဖြည့်တွေးဖူးလား...အချိန်မတန်သေးဘူးဆိုတာပဲ...မောင်သာ စိတ်ရှိရင် ဒီကြားထဲ ဘယ်ကောင်မပဲ ခေါ်အိပ် ခေါ်အိပ် ရတယ်...."

"ငါ့ကို အော်လိုက်တာလား..."

"ထင်ချင်သလို ထင်တော့ဗျာ..."

ဟုတ်တယ် ဟျောင်းကို အော်မိတယ် အ့ချိန်ဒေါသ အရမ်းထွက်နေလို့....ကျတော် ဟျောင်းကွယ်ရာ အတတ်စမ်းချင်မိတာ ကျတော်မှားမှန်း ကျတော်သိတယ် ပြီးတော့ ကျတော်မချော့တဲ့အပြင် ဟျောင်းစိတ်ပျက်စေမဲ့ စကားမျိုး ပြောလိုက်မိသည်။

🍁ခင်များ (or) ပုစိ🍁Where stories live. Discover now