🍁ခများ or ပုစိ🍁
"ဆရာ သားသယ်ပေးမယ်..."
"လိမ္မာလိုက်တာ.."
"ဟီး..."
ကြည့်မရဘူး အ့ဒယ်ဂီဆိုတဲ့ကောင် ပုစိနား တအားကပ်တာ...အချိန်တိုင်းလိုလို မြင်နေရတာ မျက်ကြောမတည့်တော့ဘူး..ပုစိကလဲ အ့ကောင်နဲ့ဆို မှိုရတဲ့မျက်နှာနဲ့ အပြုံးကို မသေဘူး..နှယောက်လုံး တစက်လေးမှ ကြည့်မရဘူး..
"ဆရာ အိတ်ကို အခန်းထဲ ယူသွားနော် ဒယ်ဂီ ပြီးရင် ဆရာလာခဲ့မယ်..."
"ဟု..."
....
"Morning ဂျီမင်.."
"Morning ပါ ထယ်ယောင်း..."
"အဆင်ပြေတယ်မလား.."
"ဒီတိုင်းပါပဲ..."
"အော်..ဒါနဲ့ နားနေခန်းသွားမလို့လား..."
"ဟုတယ်..."
"တူတူသွားမယ်လေ.."
"ဟု..."
ထယ်ယောင်းက နားနေခန်း ဘာလိုက်လုပ်မာလဲ သူ့ဟာသူ ရုံးခန်းထဲ နေရမာ မဟုတ်ဘူးလား..?
.......
"ဒါတို ကျတော်ရုံးခန်းပြန်လိုက်ပါအုံးမယ် ဂျီမင်.."
"ဟင်!!!"
ခုမှ နားနေခန်းရောက်တာ ခုရုံးခန်းပြန်တော့မယ်တဲ့.....
ဂျီမင် မျက်မှောင်လေးကြုံ့ကာ ကြည့်လိုက်တော့ ထယ်ယောင်း ရီတော့သည်။"ဘာရီတာလဲ..."
"ဘာမဟုတ်ပါဘူး....သွားလိုက်ပါအုံးမယ်..."
"ဟု..."
ဘယ်လိုကြီးလဲ?
"ဟိုဆော့ စာအုပ်ကြည့်ပြီး ဘာတေပြုံးနေတာလဲ..."
"အော် ဂျီမင် ...ဒီလိုပါပဲ..."
"လျှို့ဝှက်ချက်တေ သိပ်များနေတယ်ပေါ့..."
"ဘယ်ကသာ ဂျီမင်ရာ..."
"ထားပါတော့..."
ဟိုဆော့ပြုံးရုံသာ ပြုံးပြပြီး ဘာစကားမှ ပြန်မလာ။
"အတန်ထဲ သွားတော့မယ် ဟိုဆော့...
မဟုတ်ရင် အတန်းထဲက ဟာတေ ငြိမ်ငြိမ် တစက်မှ နေတာမဟုတ်ဘူး...""အော်...အင်း..အင်း..."
"ဟု..."
.........