ကျွန်မရှင်နဲ့ပတ်သက်ပြီး တော်တော်ကြီးရူးနေပါပြီရှင်ရယ်...
လူတိုင်းကတော့အရူးတွေချည်းပါဘဲ
"တချို့တွေကြယဉ်ယဉ်လေးနဲ့ရူးနေကြတာ"
"တချို့ကြတော့လည်း လူသိရှင်ကြားရူးနေကြတာ"
"ကျွန်မကတော့ရှင့်တစ်ယောက်တည်းကိုဘဲရူးနေတာ"နေ့နေ့ညည ခင်ဗျားအကြောင်းတွေဘဲတွေးနေမိတာကြီးကလွန်တယ်မထင်ဘူးလားအန်တီ?
ခင်ဗျားအကြောင်းတွေစဉ်းစားရတာပျော်ဖို့တော့ကောင်းတယ် ဒါပေမဲ့လည်း နဲနဲတော့ဝမ်းနည်းဖို့ကောင်းသားနော်အန်တီ
ဝမ်းနည်းဖို့ကောင်းတဲ့အကြောင်းတွေစီကိုတော့မဆက်ချင်ပါဘူးလေ ရူးရလည်းပျော်ပျော်ရွှင်ရွှင်ရူးရရင်တော်ပါပြီလေ အန်တီရယ်
ကျွန်မချစ်နေတဲ့အတိုင်းခင်ဗျားပြန်ချစ်နေမယ်ထင်ခဲ့မိတဲ့အခါခါဟာလည်း ရူးစရာပါဘဲလေ
အရာရာမှာခင်ဗျားကပိုသာပါတယ်အန်တီ...အန်တီ့လိုကျွန်မထက်အရာရာသာနေတဲ့သူတစ်ယောက်ကကျွန်မလိုတက္ကသိုလ်ကျောင်းသူတောင်မဖြစ်သေးတဲ့သူမျိုးကို ပြန်ချစ်လေမလားလေ မဖြစ်နိုင်တာကိုမျှော်လင့်သေးတဲ့ကျွန်မဟာလည်း တကယ့်အရူးသာသာပင်...။
မနက်မိုးလင်းလို့မျက်လုံးဖွင့်တည်းကခင်ဗျားကိုဘဲမြင်နေမိတဲ့ကျွန်မမျက်လုံးတွေကိုလည်း ကျွန်မမယုံချင်တော့ဘူး သူတို့လည်းရူးနေပြီထင်တယ်
ညမိုးချုပ်လို့အိပ်ခါနီးတိုင်း ခင်ဗျားအကြောင်းစဉ်းစားမိတဲ့ ကျွန်မခေါင်းထဲကဦးနှောက်တွေကလည်း ရူးနေပြီဘဲ
ကျွန်မချစ်တယ်ပြောရင်ရှင်လက်ခံမှာမဟုတ်မှန်းကျွန်မအတတ်သိပါတယ် ဒါပေမဲ့ လက်ခံလောက်မှာပါလေလို့တွေးမိပြန်တိုင်းလည်း ကျွန်မကိုယ်ကျွန်မအရူးတစ်ယောက်လိုခံစားရပြန်တယ်
တကယ်တော့ ကျွန်မကတစ်ကယ့်အရူးပါဘဲအန်တီ ခင်ဗျားကိုယဉ်ယဉ်လေးနဲ့ရူးနေတာ
ကလေးနှစ်ယောက်အမေကို ကလေးနှစ်ယောက်ရှိမှန်းသိရဲ့သားနဲ့ ထပ်ချစ်မိနေတာကလည်းတော်တော်လေးရူးတာဘဲနော်
ခင်ဗျားတို့ဆိုရင်ရော် ဒီလိုဆက်ချစ်နေမလားလေ
ခင်ဗျားကညဆို၉နာရီဆိုအိပ်တော့ဆိုပြန်တော့လည်း ကျွန်မနားထောင်မိသား ခင်ဗျားနဲ့မှနာခံတတ်တဲ့ ကျွန်မကိုယ်ကျွန်မလည်း တစ်ခါတစ်လေဆိုဆွဲကုပ်ပစ်ချင်လာတာ ဒါဟာ ကျွန်မရူးသွားတာလား
"ညဘက်အိပ်ချိန်ကို၉နာရီထက်နောက်မကျနဲ့နော်"တဲ့
ဝတ္ထုတွေဖတ်ပြီးလောင်လို့ညဖက်အိပ်မပျော်ဘူးပြောတော့လည်း
"မလောင်ပါနဲ့အုံးကွယ် လောင်ရမယ့်အရွယ်မဟုတ်သေးဘူး ဘဝကိုကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်လေးနေပါသမီးရေ"တဲ့ဒါတွေကအမိန့်တွေလား မဖြစ်မနေနာခံရမည့်စကားတွေလား ကျွန်မ မသိပါ
အမိန့်ဆိုလည်းကျေကျေနပ်နပ်နာခံမည် အရူးဟာကျွန်မပါဘဲဒါဖြင့်ဒါတွေဟာသူကဂရုစိုက်လို့ပြောတာလား ဘယ်လို့အခြေအနေကြီးလဲ?
ကျွန်မ မသိပါ ကျွန်မသိသည်မှာ သူဂရုစိုက်တိုင်း ကျွန်မအတိုင်းမသိပျော်ရပါတယ်လေကျွန်မနေမကောင်းတဲ့ရက်ပိုင်းတွေမှာလည်း ကျွန်မကိုနေ့တိုင်းလာမေးတယ်တဲ့ ကျွန်မအစ်မတွေကပြန်ပြောပြတယ် "ကလေးမသက်သာသေးဘူးလား"တဲ့လေ ချိုသာလိုက်တာ
ညဖက်တိုင်းလည်း"သက်သာလား သမီးရေ"တဲ့ ဒါဟာဂရုစိုက်တာတွေဘဲလား၊မကောင်းတတ်လို့မေးတာလား...။ဘာဘဲဖြစ်ဖြစ် ကျွန်မပျော်ပါသည် ကျွန်မကြောင့်နဲ့ဘယ်သောအခါမှ အန်တီ့ကိုကျွန်မစိတ်မညစ်စေလိုတာကျွန်မစိတ်ရင်းအမှန်ပါ
ကျွန်မတကယ်ရူးနေပါပြီအန်တီ....။🪻🤍
#Mary_kim
618words
25.3.2024🎀🌷
YOU ARE READING
ကျွန်မချစ်တဲ့အန်တီ⚘(Ongoing)
Historia Cortaအန်တီကအပျိုကြီးလားဟင် မဟုတ်ရပါဘူးရှင် အန်တီ့မှာကလေးနှစ်ယောက်ရှိတယ်ကွယ့် အာ...ဟုတ်လားရှင်