မျက်မှန်လေးနဲ့အသက်ကြီးကြီးမိန်းမတစ်ဦး...
ပုံမှန်တိုင်းဆိုရင်တော့ ရပ်ကွက်ထဲကအန်တီကြီးတွေလိုမျိုးဘဲပြေးမြင်ကြမှာဘဲ
ဒါပေမဲ့လေ အန်တီကသိပ်သဘောကျဖို့ကောင်းလွန်းတဲ့ မိန်းမသားမျိုး
နုနုယွယွမိန်းမတစ်ယောက်လည်းမဟုတ်သလို
ကြမ်းတမ်းခက်ထန်သည့်မိန်းမတစ်ယောက်လည်းမဟုတ်သေးပြန်ပါတစ်ခုချင်းစီအသေးစိတ်ကြည့်လျှင်မျက်စိမလွှဲနိုင်လောက်အောင် လှတဲ့မိန်းမသားမျိုး
အာ ကျွန်မသဘောကျလိုက်တာရှင်
အန်တီကိုယ်တိုင်ကတင်မဟုတ်ဘဲ သွယ်လှတဲ့ခန္ဓာကိုယ်ပေါ်မှာတင်ထားတဲ့ အဝတ်အစားကအစ မြတ်နိုးရတဲ့မျက်မှန်ကိုင်းလေးအဆုံး ပစ်ချက်ရှာဖို့ခဲယဉ်းလွန်းအောင်လှတာပါလေ
မျက်မှန်လေးအောက်ကမျက်ဝန်းလေးဟာဆိုလည်း အညိုရောင်သန်းသောမျက်ဆံနှင့် မပြူးလွန်း မမှေးလွန်းသည့် လှပသော မျက်ဝန်းလေးတစ်စုံ
အန်တီ့ခြေဖမိုးလေးတွေကိုငေးကြည့်နေရတာကအစ သိပ်ရင်ခုန်ဖို့ကောင်းလွန်းတယ်
အိပ်မက်ထဲအထိစိုးမိုးထားတဲ့အန်တီရဲ့မျက်ဝန်းလှလှလေးတွေသိပ်ပိုင်ဆိုင်ချင်တာဘဲရှင်
အန်တီ့မျက်ဝန်းလှလှလေးတွေရဲ့အရှေ့မှာရှိနေရတဲ့ ကျွန်မမြတ်နိုးရတဲ့သက်မဲ့လေး သိပ်ကိုအားကျလိုက်တာရှင်
ကျွန်မလေ ရှင့်မျက်မှန်လေးထဲမှာအချိန်ပြည့်ခိုနားနေချင်မိတယ် "နဲနဲတော့ အူကြောင်ကြောင်နိုင်သားနော် မျက်မှန်ထဲကိုဘယ်လိုလုပ်ဝင်ရပါ့မလဲရှင်" ဒါပေမဲ့လည်း ခင်ဗျား လှုပ်ရှားမှုအသေးစိတ်ကလေးကအစမှတ်ထားချင်တာမလို့ ခိုးနာမိချင်ပါရဲ့ရှင်
ရူးမိုက်တယ်ဘဲပြောပြော ကျွန်မကတော့သိပ်စွဲလန်းမိနေပြီ မျက်မှန်လေးရေ
ခင်ဗျားသာကျွန်မချစ်နေမိတဲ့အကြောင်းတွေပြန်ကြားရရင် ဟားတိုက်လို့ရယ်နေပါအုံးမယ်
ပြောလို့ပြောတာတော့မဟုတ်ဘူးရယ် ကျွန်မအချစ်ကတစ်ခါတစ်လေပြောင်စပ်စပ်နဲ့ တစ်ခါတစ်လေကျတော့လည်းရင့်ရင့်သီးသီးနဲ့ရယ် ကျွန်မအပေါ်ရင့်သီးတာမျိုးတော့မဟုတ်ပေါင် ကျွန်မအပေါ်ရင့်သီးတာမျိုးဆိုရင်ဖြင့် ကျွန်မစိတ်မကောင်းဖြစ်မိမှာအမှန်ပါဘဲရယ်
အသားဖြူနုနုမျက်နှာလေးနဲ့ လေးထောင့်မျက်မှန်မီးခိုးလေးနဲ့သိပ်ပနံတင့်တာဘဲရှင်
စစတွေ့ချင်းမှာကျွန်မအန်တီ့ကိုလုံးဝသတိမထားမိပါ နေ့စဉ်ရက်ဆက်တွေ့ဖန်များလာတော့ အပြုံးချိုချိုလေးတွေကိုစွဲလန်းလာခဲ့တယ်လေ
နာမည်တွေ အကြောင်းတွေ အသက်တွေ ဘာမှမသိဘဲ တဖြည်းဖြည်းငြိတွယ်လာမိသည်ကျွန်မတစ်ရက်မှာကျွန်မသူငယ်ချင်းနဲ့တိုင်ပင်မိပါသေးတယ်" ငါအဲ့ဘွားတော်ကိုကြွေနေပြီထင်တယ်ဟာ"ဆိုပြီးရယ်ကျဲကျဲလေးပြောမိသေးသည်
ထိုအချိန်တွေတွင် ကျွန်မဟာအန်တီ့ကို၃၀နီးပါးဘဲရှိနေအုံးမယ်ထင်ခဲ့သည်။ယောကျာ်းနဲ့ကလေးမရှိသော အပျိုလေးထင်ခဲ့သည်...။
တစ်ရက်မှာစကားလက်ဆုံပြောမိကျရင်း...
"အန်တီကအပျိုကြီးလားဟင်"
"မဟုတ်ရပါဘူးရှင် အန်တီ့မှာကလေးနှစ်ယောက်ရှိတယ်ကွယ့်"
"အာ...ဟုတ်လားရှင်"
ထိုအချိန်တွင်ကျွန်မဟာ ပြုံးပြုံးလေးသာနားထောင်ပေးဖြစ်ပါသည်
သို့သော် ကျွန်မရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ဗလောင်ဆူနေပြီ
ကျွန်မကမ္ဘာငယ်လေးဟာအမှောင်တိတိကျသွားခဲ့ပြီ
ကျွန်မအတော်စိတ်ဓာတ်ကျသွားသည်
ထိုနေ့မှစကာ ကျွန်မအန်တီ့ကိုမကြည့်မိအောင် စကားမပြောမိအောင် မဆုံမိအောင် စရှောင်ပါသည်
အန်တီဟာရှောင်လေပိုတိုးဝင်လာလေပါဘဲရှင်
အန်တီတိုးဝင်လာတိုင်းကျွန်မဟာမရှောင်ဖယ်နိုင်တော့ပါဘူးကျွန်မကိုယ်တိုင်က "အန်တီ" ဆိုတဲ့နွံငယ်လေးမှာနစ်ဝင်နေပြီဆိုတာပင်.....။
သီချင်းလေးနားထောင်ရင်ကျွန်မရဲ့အသဲကွဲဇာတ်လမ်းလေးကိုခံစားပေးပါအုံးကလေးငယ်တို့ရေ
#Mary_Kim
26.3.2024
659words🌷🎀
YOU ARE READING
ကျွန်မချစ်တဲ့အန်တီ⚘(Ongoing)
Nouvellesအန်တီကအပျိုကြီးလားဟင် မဟုတ်ရပါဘူးရှင် အန်တီ့မှာကလေးနှစ်ယောက်ရှိတယ်ကွယ့် အာ...ဟုတ်လားရှင်