Part 1

28 0 0
                                    

"သူတို့ကိုအနိုင်ပိုင်းလိုက်၊ ပြီးမှတစ်ခုခုသွားစားကြတာပေါ့"

ဒီနေ့က နောက်ဆုံးပွဲ။ အစကတော့ ဟိုဘက်အသင်းနဲ့ရိုက်ရတဲ့ Finalပွဲထင်ခဲ့တာပဲ၊ ဒါပေမယ့် မထင်မှတ်ပဲ ကျွန်တော့်ဘ၀ရဲ့ နောက်ဆုံးကြက်တောင်ရိုက်ပွဲဖြစ်သွားခဲ့တယ်။

"အင်း လုပ်လိုက်ကြတာပေါ့"

ကျွန်တော်နဲ့ ကျွန်တော့် Partner တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ယုံကြည်ချက်ရှိရှိနဲ့ ကွင်းထဲကိုအတူ၀င်လာခဲ့တယ်။

"ဟေး!!!!!" ‌*ဖြောင်းဖြောင်း ဖြောင်းဖြောင်း*

ကျွန်တော်တို့၂ယောက်ထွက်လာတာနဲ့ တပြိုင်နက် ဆူညံပွက်လောရိုက်လာတဲ့လက်ခုပ်သံတွေ၊ အော်ဟစ်အားပေးသံတွေ။ ပရိသတ်တွေကိုတစ်ချက်လှမ်းကြည့်ရင်း ပြိုင်ပွဲစဖို့အချက်ပေးသံကိုစောင့်နေခဲ့ကြတယ်။

__________________________________

"ဟေး!!!!"

"ဒီည မက်ဆီကောင်းတယ်ကွ!"

‌"ဟျောင့် ရှိန်းသစ် ဒီကိုလာကြည့်"

ကားအောက်ပိုင်းကိုပြင်နေတုန်း ဘောလုံးပွဲကို စိတ်၀င်တစားကြည့်နေကြတဲ့ သူငယ်ချင်းတစ်စုကိုကြည့်ပြီး ခေါင်းတစ်ချက်ခါရင်း ထကာ စီးကရက်တစ်လိပ်ကိုထုတ်လိုက်သည်။

"ရှိန်းသစ် ဒီနေ့ စင်ကာပူနဲ့ထိုင်း ကြက်တောင်ရိုက်ပွဲရှိတယ်"

"ဘယ်မှာလဲ"

သူတို့ပြလာတဲ့ဖုန်းကိုတစ်ချက်ကြည့်လိုက်တော့ အကြိတ်အနယ် ပြိုင်နေကြတဲ့ သူတွေ၊ ကြက်တောင်လေးကတော့ လေထဲမှာ ဟိုဘက်ဒီဘက်ပြေးလွှားလို့။

ပါးစပ်ထဲကခဲထားတဲ့ စီးကရက်ကို ဆွဲထုတ်လိုက်ရင်း

"စင်ကာပူဘက်က ၅သောင်း လောင်းတယ်။ မင်းလောင်းရဲလား"

"သေချာပေါက်ပဲ"

"အင်း"

"ငါ သန့်စင်ခန်းသွားဦးမယ်"

"OK"

တီ... တီ... တီ... တီ...

အိတ်ကပ်ထဲမှဖုန်းကိုဆွဲထုတ်ကာကြည့်တော့

*အစ်မ*

တုန့်ဆိုင်းမနေပဲဖုန်းကိုချမိခဲ့တယ်။

Last Twilight Where stories live. Discover now