တနင်္လာနေ့ကျောင်းချိန်လည်းရောက်ကော
ဂျောင်ဝန်းကအိမ်စာစာအုပ်တွေလိုက်ကောက်နေပြီး ဆရာမကနောက်ကနေတော့ ဂျောင်ဝန်းကိုတာဝန်ပေးထားတာပေါ့...။ဂျောင်ဝန်းကတော့အလျှော့မပေးဘဲ သူ့တာဝန်သူလုပ်ပြီးသူငယ်ချင်းတစ်ယောက်က
"ငါအိမ်စာမရေးရသေးလို့ပါဂျောင်ဝန်းရယ်"
"အဲ့တော့?"
"နင်ကလည်း နည်းနည်းလေးများဆရာမကို" ဆိုပြီးပြောနေတုန်းရှိသေးစာအုပ်ကိုဆွဲယူလိုက်ကာ
"ကျန်တဲ့ပြဿနာကိုယ့်ဘာသာရှင်းလိုက်နော်သူငယ်ချင်းလေး" ဆိုပြီးစာအုပ်ယူသွားတော့တယ်...။
စာအုပ်တွေကိုဆရာမခုံပေါ်တင်နေချိန် ရုတ်တရက်ပေါ်လာတဲ့ခေါင်းကြောင့်
ဂျောင်ဝန်းလည်းပြတင်းပေါက်ကိုလှမ်းကြည့်လိုက်ကာ ဆောင်းဟွန်းတစ်ယောက်ကျောင်းပန်းခြံကနေခုန်ပေါက်ပြီး
ဂျောင်ဝန်းကိုလိုက်ရှာနေတာပေါ့...။"ဘာလုပ်နေတာလဲ?" ဆိုပြီးကြည့်နေကာဂါဝူးနားကိုသွားပြီး
"လီဂါဝူး ဟိုကိုကြည့်ဦး" ဆိုပြီးခေါင်းကိုဟိုဘက်လှည့်ခိုင်းလိုက်တော့ဂါဝူးလည်းမြင်သွား၍
"နင်ကိုလာတွေ့တာဖြစ်မှာပေါ့ လိုက်ရှာနေတာများတကယ့်စင်ဒရဲလားနဲ့မင်းသားလေးပဲ" ဆိုပြီးသဘောတွေကျနေတော့တယ်...။
"နင်ကအောင်သွယ်တော်ပဲလုံးဝအောင်သွယ်တော်"
"နင့်အမှားနင်သိလေ အတန်းပြီးရင်တောင်းပန်လိုက် သူကတော့စိတ်ဆိုးတဲ့ပုံ
မပေါက် နင်ဘယ်လောက်ပြောပြောချစ်တဲ့စိတ်နဲ့ပဲဖြေသိမ့်ပုံရတယ်""အဲ့ဒါထက်ဆရာမမလာသေးခင်သူအဲ့လိုခုန်နေတာကိုရပ်ခိုင်းရမယ်"
"နင်သွားပြောလိုက်လေ"
"နင်ပြောတော့ဘာဖြစ်မှာမို့လို့?"
"ငါမသွားချင်ဘူးနင်သွား" ဆိုပြီးတွန်းလိုက်ကာ ဂျောင်ဝန်းလည်းထသွားပြီးပြတင်းပေါက်ကိုဖွင့်လိုက်၍
YOU ARE READING
After tomorrow ✓ || Sungwon🐧🐈
Fanfictionခေတ်ဟောင်းဦးလေးကြီးဆောင်းဟွန်းနဲ့ဆယ်ကျော်သက်အရွယ်ခလေးလေးဂျောင်ဝန်းတို့ရဲ့အချစ်ဇာတ်လမ်း