ဂျောင်ဝန်းတစ်ယောက်တနင်္လာနေ့လည်းကျကော ဂါဝူးကိုစနေနေ့ကအဖြစ်အပျက်ကိုပြောပြလိုက်တော့ ဂါဝူးကလွယ်အိတ်ကိုကိုက်ရင်းနားထောင်နေတော့တယ်...။
"ဂါဝူးနင်ဘာဖြစ်နေတာလဲ?လွယ်အိတ်ဝါးစားတော့မို့လား?"
"ကိုက်စရာစောင်မှမရှိတာ"
"နင်ဟာလေ ငါကအတင်းပြောမို့ကိုကြည်နူးပြနေတယ်"
"ဟဲ့ဂျောင်ဝန်း နင်ဦးကိုသဘောမကျဘူးလား?"
"သဘောလား?ကျကျ-"
"နေနေ နင်ကနင့်ခွက်ကိုပဲကြိုက်တာမလား?"
"ငါမသိဘူး ငါမသေချာဘူးဆိုတာပဲသိတယ်"
"ငါပြောပြမယ် အချစ်ရေးကောအိမ်ထောင်ရေးကောကလေအချစ်မပါပဲတည်ဆောက်လို့မရဘူးပြီးတော့ဟိုကမိန်းကလေးပဲသဘောကျတာ"
"ငါသိပါတယ် ငါလည်းမမျှော်လင့်တော့တာကြာပါပြီ"
"အဲ့ဆိုလည်းသူကြိုးဆွဲတိုင်းကမနေနဲ့လေ"
"ချစ်တာကိုး"
"အဲ့ဒါပဲ နင်ကလေတကယ်အချစ်ကြီးတာတစ်ယောက်ကိုဆိုအကြာကြီးကိုသဘောကျတာ မုအွန်ဖို့လည်းတော်တော်ခဲယဉ်း"
"နောက်ကြောင်းတွေမဖော်စမ်းပါနဲ့" ဆိုပြီးပြောနေကြတာပေါ့...။
ဆောင်းဟွန်းကလုံးဝမရောက်လာခဲ့ပဲ နေ့လည်စာစားချိန်ရောက်တော့ဂျောင်ဝန်းတစ်ယောက်သတိထားမိသွားကာ
"ဦးလေးကြီးကဘာလို့မလာတာလဲ?လာဖို့ပြောလိုက်တာကို"
"အမယ်အမယ်လွမ်းနေတာလား?"
"မဟုတ်-မဟုတ်ရပါဘူးနော်"
"အမယ်အမယ် ပါးကြီးကနီရဲတက်လာပြီးတော့များ"
"မဟုတ်ပါဘူးဆို"
"ငါဖုန်းခေါ်ပေးရမလား?"
"မလိုပါဘူးနော်"
"ခေါ်စေချင်တာကိုများလာညာ"
"မဟုတ်ပါဘူးဆို"
"လူလိမ်လူညာ" ဆိုပြီးစနေတော့ဂျောင်ဝန်းက
ကန်တင်းကိုမြန်မြန်ပြေးသွားပြီး ဂါဝူးကအနောက်ကနေပြေးလိုက်စနေတော့တယ်...။
YOU ARE READING
After tomorrow ✓ || Sungwon🐧🐈
Fanficခေတ်ဟောင်းဦးလေးကြီးဆောင်းဟွန်းနဲ့ဆယ်ကျော်သက်အရွယ်ခလေးလေးဂျောင်ဝန်းတို့ရဲ့အချစ်ဇာတ်လမ်း