part-2

190 11 0
                                    

(ပထမပွဲတွင်မှူးရိပ်နိုင်၍ ဒုတိယပွဲတွင်
ခိုက် နိုင်သည်)

" ဒါနောက်ဆုံးပွဲနော် "

ရှပ်.......ရှပ်.............ရှပ်.....
(ဖဲဝေတဲ့အသံနော် ဟဲဟဲ 🌚)

" ခိုက် တို့နဲ့တွဲလိုက်ရင်ပိုကောင်းမယ်နော်
တို့ကပွဲတိုင်းနိုင်နေကျ ခိုက်ရဲ့ သိက္ခာတွေကျသွားမှာစိုးလို့ပါ အော်..........စေတနာနဲ့နော် "

" အဟက် ကြည့်ကြသေးတာပေါ့ "

" ဟွန့် တို့ကတော့ 8 နော် "

" ပွဲမပြီးသေးဘူးနော် "

ခိုက်က9ကိုချပြလိုက်သည်
မှူးရိပ်ကတော့ဟန်ဆောင်ကောင်းကာ

" လိုအပ်တဲ့barရဲ့အချက်အလက်တွေနဲ့ လွှမ်းပြောင်းကြောင်းစာရွက်ကို မနက်ဖြန်ည ဒီbar မှာပြန်တွေ့မယ် Bye ! "

ပြောပြီးတာနဲ့ ချက်ချင်းဘဲထပြန်သွားတဲ့ မှူးရိပ်ကို ခိုက်တို့အဖွဲ့လိုက်ကြည့်နေလိုက်တယ်

သူမသွားပြီဆိုမှ အဖွဲ့ထဲအခုအချိန်ထိ ဝင်မပြောတဲ့ မင်းရတုမောင် ကအရင်ဦးစွာ ဟက်ဟက်ပက်ပက်ရီပါတော့တယ်

သူကစ ရီတော့ အကုန်လုံးကပါရီကျတယ်
အဲ့အချိန် စော်ချစ် မင်းချစ်သူ ကတော့

" မင်းကလည်းကွာ စော်လေးသနားပါတယ် ကွာ သူ့ခမျာ ပြေးသွားရှာတာချော်လဲတော့မယ် ကွ "

" အဟက် ခံပေါ့ သူထိုက်နဲ့သူ့ကံပဲ သူကစလို့ငါကအဆုံးသတ်ပေးရုံပဲ"

သက်သက်-- "နည်းတောင်နည်းသေးတယ်"

ခိုက်က ဝိုင်ခွက်ထဲကကျန်နေတဲ့ဝိုင်ကို လက်စသက်သောက်ကာ စားပွဲပေါ်တင်ထားတဲ့ကားသေ့ကို ယူကာထ‌သွားတော့တယ်

" ငါသွားတော့မယ် "

____________________________________________________________________________________________________

" ဘာ မဖြစ်နိုင် တာ ငါ.. ငါ့ လို
Queen Of The Gambling လို့တောင်တင်စားရတဲ့ငါကရှူံးတယ် "
သူမရဲ့ ပန်း‌နှရောင် ဆံပင်တွေကိုဆောင့်ဆွဲလျက် အော်ဟစ် သောင်းကြမ်း နေတဲ့အချိန်

သူမ မောင်က အောက်ထပ်ကိုအပြေးလာကြည့်တော့ သူမက မောင်ဖြစ်သူ ညို့ကာရံလွှမ်း ကို သူမရဲ့ဒေါသတွေပုံချစရာ လူကိုတွေ့သလို ညို့ အနားကိုအပြေး
တစ်ပိုင်းဖြင့် လာကာ

Dear Van GuWhere stories live. Discover now