" မိအေး ဟိုတစ်ယောက် အောက်ဆင်းလာသေးလား "
" မဆင်းလာသေးဘူးအကိုလေးခိုက် မိအေးပြန်တော့မယ်နော် "
" လာတဲ့ထိဟိုတစ်ယောက်ကိုစောင့်ပေးထားတော့ အင်းးး ညလည်းနက်နေပြီဆိုတော့ ဒီလ bouns ကိုအဖေ့စီကတောင်းသွားလိုက် "
" ဟုတ်ကဲ့ ကျေးဇူးပါအကိုလေး မိအေးသွားပြီနော် ခွင့်ပြပါအုံး "
မိအေး အကိုလေးခိုက်ကို ဦးညွှတ်အရိုအသေပေးကာ အဆောင်ကိုပြန်လာလိုက်သည်။
အဆောင်ဆိုတာ Van အိမ်တော်ရဲ့အလုပ်သမားတွေ သီးသန့်နေဖို့ပေးထားတဲ့အဆောင်ပင်။
ပုံမှန်ဆို ည6 နာရီဆိုတာနဲ့ အလုပ်သမားတွေအကုန်လုံး တစ်ခါတည်း အဆောင်ကိုပြန်ရသည်။ ဒီနေ့က အကိုလေးခိုက် မိအေးကို သူမပြန်လာခင်ထိ အကိုလေး ကို စောင့်ကြည့်ခိုင်းထားတာကြောင့် ခုည9ခွဲသွားတာပင်။
သူစကားဆိုအကုန်လုံးက တစ်သွန်မသိမ်းလိုက်နာကြသည်။ အကိုလေးခိုက်ကလည်း အရိုင်းအစိုင်းလို့သာ သူများတွေကပြောကြပေမဲ့ အလုပ်သမားတွေပေါ်မှာတော့ တစ်ခါမှ မနှိမ်ဖူး အနိုင်မကျင့်ဘူး ဘူး။အတွေးတွေကို လက်စသတ်ခါ အဆောင်သို့သာ ခက်မြန်မြန်ပြန်လာလိုက်သည်။
.
.
ခိုက်အပေါ်သို့တက်ခါ ဟိုောက်ကလေးတံခါးကိုသွားခေါက်လိုက်သည်။" ဒေါက်စ် ဒေါက် ဒေါက် "
" ဘယ်သူလည်း ဘာလည်း ရွတ်စ် "
အခန်းတံခါးကိုမဖွင့်ဘဲ တစ်ဖက်မှပြောလာသံမှာ ရှိုက်သံများ ပါဝင်နေသည်။
" ကျုပ်က လွဲပြီး ခင်များအခန်းလာတဲ့လူရှိသေးလို့လား "
" မင်းဆို စကားမပြောဘူး ရွတ် "
" ဘာလို့ငိုတာလည်း ောက်ရည်တွေပေါနေလည်း ရေချိုးတဲ့အခါသုံး "
" မင်းး ဘာလည်းငါနဲ့ရန်ထက်ဖြစ်ဖို့လာတာလား "
" အားအားယားယား မနက်ဖြန်ကျုပ်ရုံးမလာဘူးလာပြောတာ "
" အဲ့တာမင်းကိစ္စ ငါကလည်းမနက်ဖြန်မသွားဘူးလို့ဆုံးဖြတ်ထားပေမဲ့ အိမ်မှာနေရင်း မင်းောက်ခွက်ကြီး ကြည့်ပြီး အကုသိုလ်ယူမဲ့အစား အလုပ်ပဲသွားတော့မယ် ဟွန့် "
