2 hours later
" ဒေါက် ဒေါက် "" ဒေါက် ဒေါက် "
" အင့် ဟင့်ဘာလဲ "
ညှို့မျက်လုံးမဖွင့်ပဲ ပြင်းရိစွဲနဲ့ပဲ အိပ်ရာပေါ်ကနေလှမ်းမေးလိုက်သည်။" အကိုလေး ဘဘ ကထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ "
မိအေးအပြောကြောင့် ညှို့လည်း နာရီကိုတစ်ချက်
ကြည့်မိတော့ 7နာရီပင်ထိုးတော့မယ်။
သူမှေးလိုက်တာ ၂နာရီနီးပါးတောင်ကြာသွားတာပဲ။" ခနနေ လာခဲ့မယ်လို့ ပြောပေးပါ "
ညှို့လည်းလူကြီးခေါ်နေတာဖြစ်တာကြောင့် သွားဖို့သာ ပြင်ဆင်လိုက်သည်။
.
.
.
" ကာရန်လေး လာပြီလား "ထမင်းစား စားပွဲမှာထိုင်ကာ magazine ဖတ်နေတဲ့ဦးဗန်ရိုက မြင်တော့ ပြုံးကာပြောလာသည်။
" ဟုတ်ကဲ့ ဦးလေး "
" မခင်ရေ ကာရန်ထမင်းစားဖို့ပြင်ပေးလိုက်ပါအုံး "
မခင်ဆိုတာ ဒီအိမ်မှာ လုပ်သက်အကြာဆုံး အလုပ်သမားဖြစ်ပြီး ထမင်းချက်နှင့် အလုပ်သမားတွေကို စီမံခန့်ခွဲဖို့ တာဝန်များကိုသာလုပ်သည်။
ကြီးခင်က အသက်၅၀ကျော်လောက်ရှိပြီး နှပျိုလှကာ ခိုက်ကလည်း ကြီးခင်ချက်တာကလွဲရင် မစား ဘူးလို့လဲကြားဖူးသေးသည်။
ကြီးခင်က အရပ်ခပ်မြင့်မြင့် သိပ်မပိန်သိပ်မဝ မနေတော်ပင် ထောင်ထောင်မောင်းမောင်းဖြစ်ပြီး သူမရဲ့ ဆံပင် အဖြူအနက်များကိုအမြဲ ထုံးကာစီးထားပြီး အပြုံးလေးဖြင့်
ကြီးခင်ကိူကြည့်ရတာ ညှို့တော့ သိပ်အေးချမ်းသလိုခံစားရသည်။ညှို့ကိုလည်း ကြီးခင်က သူ့သားအရင်းတစ်ယောက်လို သဘောထားကာ ညှို့ကလည်း မိခင်မရှိတော့ ကြီးခင်ကို မိခင်လိုမျိုးပင် ကပ်တွယ်နေမိသည်။
" ရတယ် ကြီးခင် သားဘက်သာ သားထည့်လိုက်
ပါ့မယ် ကြီးခင်နားနားနေနေနေပါ "ညှို့ပြောလိုက်တော့ ကြီးခင်က အေးမြစွာပြုံးကာ
" အေးပါ သားရယ် "
" ကာရန်လေးထည့်စားလေ စားမကောင်းလို့လား "
" မဟုတ်ပါဘူး ဦးလေး ဟင်းတွေများတော့ ဘာ
စားရင်ကောင်းမလည်း စဉ်းစားနေတာ "
