အပိုင်း(၁)

24 3 0
                                    

"ဆန်ပြုတ်သောက်ပြီးမှဆေးသောက်လို့ရမှာလေသားရဲ့၊ အဲ့လိုမှနေကောင်းလာမှာပေါ့ သားကလိမ္မာပါတယ်၊ လာ"

ဒေါ်မြတ်သူဇာကလက်လှမ်းကာခေါ်လိုက်သော်ငြား

"သားကဆန်ပြုတ်မကြိုက်ပါဘူးဆို"

၆နှစ်သားလေးသည် အလွန်ပင်ဆိုးပါသည်။ မိုးရေထဲထွက်ဆော့ပြီး ဆေးသောက်ခါနီးမှဂျီကျနေသော သားကို ဒေါ်မြတ်သူဇာစိတ်မရှည်တော့...

"သားဘုန်း ‌မာမီစိတ်မရှည်တော့ဘူးနော်၊ အခုလိုဖျားမှာစိုးလို့ မိုးရေထဲထွက်မဆော့ပါနဲ့ဆိုတာကို မာမီ့စကားကိုနားမထောင်ဘူး"

"အီးးဟီးးးးသားကထွက်ဆော့ချင်လို့မဟုတ်ပါဘူး၊ အိမ်ကရေတွေကုန်မှာစိုးလို့ မိုးရေထွက်ချိုးတာပါ၊ သားကစေတနာနဲ့ အနစ်နာခံပေးတာကို မာမီကသားကိုဆူတယ် ဟီးးးးး"

၆နှစ်သားလေးသည် ထိုကဲ့သို့လည်းစကားတတ်ပါသေးသည်။ ကလေးငယ်၏ စကားကြောင့် ဒေါ်မြတ်သူဇာ ဆူတောင်မဆူရက်တော့။ 'ကျေးဇူးတင်လိုက်တာသားရယ်' ဟူ၍ပင်တွေးမိသွားသည်။ထိုစဉ် ခြံထဲသို့ဝင်လာသောကားသံကြောင့် အငိုရပ်သွားသော ကောင်လေးက

" မာမီ အဲ့တာ ကိုကိုတို့အိမ်ကကားသံမဟုတ်လား၊ ကိုကိုကသားဆီလာတာလားဟင်"

မှန်ပါသည်။ ဒီကလေးငယ်သည် သူ့အကိုကို သံယောစဉ်ကြီးလေသည်။ လအတော်ကြာမှကြားရသော ထိုကားသံကိုတောင်မှတ်မိနေလေသည်။ခဏအကြာ

"ဒန် ဒန့် ဒန်"

"ယေးးးးမာမီတွေ့လားသားပြောသားဘဲ၊ ကိုကိုတို့လာတာပါဆို၊ ကိုကို သားတွက် ဘာတွေဝယ်လာတာလဲဟင်"

ဖျားနေသောကောင်လေးသည် မင်းမြတ်၏ လက်ထဲမှ ပစ္စည်းကို မျက်လုံးလေးတွေလက်ကာကြည့်နေသည်။ ဒေါ်မြတ်သူဇာ၏ရတနာဆိုင်ခန်းများကို အမွေဆက်ခံရမည့် တစ်ဦးတည်းသောသားလေးသည် မင်းမြတ်မဟာ ဆိုသော လူသားထံမှာ လက်ဆောင် တို့ကိုမူ မက်မက်မောမော လိုချင်တတ်သူဖြစ်ပါသည်။

" ကိုကို ညီဘုန်းအတွက် မြန်မာမုန့်တွေဝယ်လာတယ်၊ ဒါပေမဲ့ဒီအတိုင်းတော့မရဘူး ဆန်ပြုတ်သောက်‌၊ဆေးသောက်ပြီးမှ စားရမယ် ဘယ်လိုလဲ"

I fell in love with you unexpectedly.Where stories live. Discover now