နောက်တစ်နေ့မနက်ခင်းတွင် နှစ်ဖက်မိဘတွေ့ဆုံကြပြီးကန့်ကွက်စရာမရှိသည်မို့ မင်္ဂလာရက် သတ်မှတ်ခဲ့ကြသည်။မဂ်လာပွဲနဲ့ပတ်သတ်ပြီးပြင်ဆင်ရမှာမို့ မဂ်လာရက်ကို စက်တင်ဘာလလယ် ပတ်ဝန်းကျင်အဖြစ်သတ်မှတ်ခဲ့ကြသည်။ထိုသတင်းကို သိခဲ့စဉ်က ဒေါ်မြတ်သူဇာတစ်ယောက် သားဘုန်းအတွက် စိတ်ပူသွားခဲ့သည်။ တစ်ခုခုလုပ်ပေးချင်သော်ငြား သားကြီးအပေါ်လဲမတရားသလိုဖြစ်မှာစိုးမိပါသည်။ သူမအနေနှင့် ဖြစ်လာသမျှကို ထိုင်ကြည့် ရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။မင်းမြတ်နဲ့မြတ်ပန်းတို့ပြန်ရောက်တော့ သူငယ်ချင်းတွေလူစုဖြစ်ကြသည်။ စည်းစိမ်လျှံက မင်းမြတ်တို့ထက် နှစ်လစောရောက်နေခြင်းမို့လူစုံသွားကြသည်။
"သွားတုန်းကလဲနှစ်ယောက်အတူတူ ပြန်လာတော့လဲ မဂ်လာသတင်းနဲ့အတူပြန်လာတာဆိုတော့ မှန်မှန်ပြော နင်တို့ဘယ်အချိန်ကတည်းက ငါတို့မသိအောင်ခိုးတွဲနေကြတာလဲ"
ဖြန်း!
"အာ့ နာတယ် ခွေးကောင်ရဲ့"
တက်နေသွေးက သံသာရဲ့ပုခုံးတစ်ဖက်ကိုရိုက်လိုက်ခြင်းကြောင့် သံသာ့ထံမှ မကျေမနပ်သံထွက်လာခြင်း။
"သူများကိုသွားပြီး တရားခံစစ် စစ်နေလို့လေ၊ သူများက သူ့ဖူးစာနဲ့သူ အဆင်ပြေနေတာ အမှားလုပ်ထားတာမှမဟုတ်တာ၊ နင်သာ အပျိုကြီးမဖြစ်စေနဲ့"
"ဟဲဟဲ မဖြစ်ပါဘူး ကိုယ့်မှာသဲသဲလေး ရှိနေတာဘဲလေကွာ"
သံသာက တက်နေသွေးကိုရွှန်းရွှန်းစားစားကြည့်ကာပြောနေခြင်းမို့
"နင့်ရဲ့အဲ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်၊ငါကတော့ လုံးဝမိန်းမမယူဘူး နင်တို့မိန်းမတွေကိုကြောက်လွန်းလို့"
"အဟက် မိန်းမ မယူတော့ ယောက်ျားယူမလို့လား သဲသဲလေးရဲ့၊ ဟင်?"
အဟွတ်!
"ဘာစကားတွေပြောနေတာလဲ သံသာမ!!"
"ဟားဟားဟား"
တက်နေသွေးရဲ့ဖြစ်သွားသောမျက်နှာကြောင့် သံသာ တင်မက ကျန်သူများပါရယ်မိကြသည်။တက်နေသွေးနဲ့ သံသာက ဒိုင်ခံစကားပြောနေကြပြီး ကျန်သူများကတော့ တစ်ခါတစ်ခါစကားဝိုင်းထဲပါလာရုံမှလွဲ၍ နားထောင်သူလုပ်နေကြသည်။
"ဒါနဲ့ သံသာပြောတာလဲ မှားတော့မမှားဘူးနော်"
"ဘာလဲ ယောက်ျားယူမယ်ဆိုတာလား"
"သံသာမ နင့်ပါးစပ်ကိုခဏလေးပိတ်ထားစမ်းပါ၊ ငါပြောပါရစေဦး"
"သဲသဲသဘော သဲသဲသဘော ဟားဟားဟား"
တဟားဟားနဲ့ရယ်နေသော သံသာ့ကို မကျေနပ်သလိုတစ်ချက်ကြည့်ကာ မျက်မှန်ကိုပင့်တင်ရင်း တက်နေသွေးကစကားပြန်စလိုက်သည်။
"တစ်ကယ်ဆိုရင် ငါတို့ကသူငယ်ချင်းအရင်းကြီးတွေမလား၊ အခုလို အရေးကြီးတဲ့သတင်းကို ပွဲနားနီးမှပြောတာတော့ မမိုက်ပါဘူး"
"တမင်မပြောတာမဟုတ်ပါဘူးကွာ၊ မဂ်လာပွဲကို အလျင်စလိုလုပ်မိသွားလို့ပါ"
"ဘာလို့အလျင်လိုနေရတာလဲ ငါတို့အရွယ်က အိမ်ထောင်ပြုဖို့နောက်ကျတဲ့အရွယ်လဲမဟုတ်ပါဘူး"
မင်းမြတ်ရဲ့အဖြေကို တက်နေသွေးကသဘောမကျသလိုပြန်မေးလာတာကြောင့်...
"ဖြန်း! သူတို့လဲချစ်လွန်းလို့နေမှာပေါ့ နင်ဟာလေလျှာကိုရှည်တယ်၊ ငါ့ကိုကျတရားခံစစ် မစစ်နဲ့ပြောပြီး"
"နင်တို့နှစ်ယောက်ကလဲ တဖြန်းဖြန်းနဲ့ အသံဘဲကြားရတဲ့ငါတောင် စပ်ဖျင်းဖျင်းဖြစ်လာသလိုဘဲ"
"ဖြစ်လေ မသနားပါဘူး နင့်အနားမှာ အာဏာရောပါဝါရောအပြည့်ရှိတဲ့ ယောက်ျားချောချောလေးရှိနေတာဘဲ သနားမနေနိုင်ပါဘူး"
မြတ်ပန်းကို မဲ့ရွဲ့ကာပြန်ပြောလိုက်သော သံသာကြောင့်ရယ်ရယ်မောမော ပြန်ဖြစ်လာကြသည်။
"မင်းတို့အချစ်ကိုဘယ်လိုမြင်လဲ"
တစ်လျှောက်လုံးတိတ်ဆိတ်နေရာမှ ရုတ်တရက်မေးလိုက်သော စည်းစိမ်လျှံ...
"အချစ်နဲ့ပတ်သတ်ပြီးငါ့အမြင်ကိုပြောရမယ်ဆိုရင်တော့...ချစ်ခြင်း မုန်းခြင်းဆိုတာ စိတ္တဇနာမ်တွေမလို့ အချစ်ဆိုတာ လူတစ်ယောက်ရဲ့ခံစားချက်တစ်ခုဘဲ၊ လူတွေရဲ့ စိတ်ခံစားချက်တွေက ပြောင်းလဲတတ်တဲ့သဘာဝရှိတာမလို့ လူတစ်ယောက်စီတိုင်းမှာရှိတဲ့ အချစ်ဆိုတဲ့ခံစားချက်ရဲ့ကာလအတိုင်းအတာက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ ဒါပေမဲ့လူတစ်ချို့ပြောကြတာကတော့ 'အချစ်စစ်မှန်ရင် တစ်သက်တာအတွက်တည်မြဲရမယ်'တဲ့၊ ဒါကို ငါသိပ်လက်မခံချင်ဘူး၊ လူနှစ်ယောက်ကြားမှာရှိတဲ့ အချစ်ရဲ့တည်မြဲမှုဆိုတာ သူတို့ရဲ့ ရေစက် ပေါ်မှာဘဲမူတည်တယ်၊ ရေစက်ပါတဲ့အထိဘဲ တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးခွင့်ရတယ် လို့ငါထင်တယ်"
"wow ငါတို့သဲသဲ မှာ အချစ်နဲ့ပတ်သတ်ပြီး ဒီလိုအမြင်တွေရှိလိမ့်မယ်လို့မထင်ထားဘူး"
"ငါကတော့... အချစ်ဆိုတာ တစ်စုံနစ်ယောက်အပေါ်မှာ ပေးဆပ်လိုတဲ့ဆန္ဒ လို့မြင်တယ်၊ ဘေးလူတွေကတော့ ပေးဆပ်တယ်လို့မြင်ပေမဲ့ ငါတို့ကတော့ ငါတို့ချစ်တဲ့သူကို ငါတို့တတ်နိုင်သလောက်ပျော်အောင်ထားပေးနေကြတာဘဲမလား၊ ချစ်ရသူသာပျော်မယ်ဆိုရင် သူနဲ့ဝေးရာကို ထွက်သွားပေးရမယ်ဆိုရင်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ထွက်သွားပေးနိုင်တဲ့ထိပေါ့"
အချစ်အကြောင်းဆွေးနွေးနေကြတဲ့သူငယ်ချင်းတွေကြောင့် မင်းမြတ်လည်း တစ်ယောက်သောသူကို သတိရမိသွားသည်။ သူ့အတွက်တော့ ထိုလူသားလေးသည် ချစ်တာထက်ကိုပိုပါသည်။ ချစ်တယ်ဆိုတဲ့စကားကို စိတ်ထဲကသာ ပြောနိုင်တာကြောင့် တောင်းပန်ပါတယ်ကလေးရယ်။ နောက်ဆို ဒီလိုတောင်ပြောခွင့်ရှိပါဦးမလား...စသဖြင့် အတွေးထဲနစ်မြုပ်နေသူမင်းမြတ်။
"စည်းစိမ် နင်အဆင်ရောပြေရဲ့လား နင့်ကြည့်ရတာဆွေးနေသလိုဘဲ၊ အသည်းကွဲနေတာလားသူငယ်ချင်း၊ ဟီးဟီး အသည်းကွဲရင်ပြောနော် သဲသဲကဆရာဝန်ဆိုေတာ့သူကုပေးလိမ့်မယ်၊ နော် သဲသဲ"
သံသာက တက်နေသွေးရဲ့လက်မောင်းတစ်ဖက်ကို တွယ်ချိတ်ကာဆိုလိုက်ခြင်းမို့...
"သံသာမ နင့်လက်ကြီးကို ဖယ်လိုက်စမ်းပါဟာ"
တက်နေသွေးက ပြောလဲပြောရုန်းလဲရုန်းနေတော့...
"ဟာ သဲသဲကလည်း၊ ဒါနဲ့ မြတ်ပန်း နင့်အမြင်ကိုလဲပြောကြည့်လေ"
တက်နေသွေးရဲ့လက်မောင်းကို မရမက တွယ်ချိတ်ကာမြတ်ပန်းကို ပြောလိုက်သော သံသာ...
"အချစ်ကိုဘယ်လိုဘဲမြင်မြင် အဓိကက ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရဖို့ဘဲ မဟုတ်ဘူးလား"
မြတ်ပန်းက စားပွဲပေါ်တင်ထားတဲ့ မင်းမြတ်ရဲ့လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ကာပြောလိုက်သည်။အတွေးယာဉ် စီးနေသူ၏ မျက်ဝန်းတို့သည်ပြန်လည်လှုပ်ရှားလာကြ၏။ မျက်ဝန်းတစ်စုံသည်လည်း လက်အစုံထက်မှမခွာဘဲ ဆွေးရိပ်သန်းနေကြ၏။
***
"ဘယ်ကိုမောင်းရမလဲ မမကြီး"
"အစ်ကို့ရုံးခန်းကို အရင်သွားမယ်"
"ဟုတ်ကဲ့"
စိန်တိုက်မှာ ပွဲစားတွေနဲ့ အဆင်မပြေဖြစ်လာတာကြောင့် အကြည်ဓာတ်ရှိရာ ခင်ပွန်းဆီသို့သာ လာခဲ့လိုမိသည်။
"မဂ်လာပါ ဆရာကတော်"
နှုတ်ဆက်လာသော ဝန်ထမ်းမလေးကို အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ငြိမ့်ပြလျက် ရှေ့နေဦးရန်နိုင်၏ ရုံးခန်းဆီသို့။ ရုံးခန်းထဲသို့ဝင်ရန် တံခါးဖွင့်မည်အပြု...
"ဆရာမရှိပါဘူးဗျ"
ဟန့်တားသလိုပြောလာသောအသံ...
"အစ်ကိုကဘယ်သွားလို့လဲ ဒီချိန်ကအစ်ကို့ရုံးဆင်းချိန်လဲမဟုတ်ပါဘူး"
"ဟုတ်ကဲ့ ဆရာက ×××ဆေးရုံကိုသွားပါတယ်"
"ဆေးရုံကိုသွားတယ်? အစ်ကိုကနေမကောင်းဖြစ်နေတာလား"
"အဲ့လိုတော့ ကျွန်တော်လဲ သေချာမသိပါဘူးဗျ၊ သောကြာနေ့တိုင်း သွားတာတော့ တွေ့ပါတယ်"
"သောကြာနေ့တိုင်း သွားတယ်? ဟုတ်ပါပြီ ဒါဆိုလဲ"
ဒေါ်မြတ်သူဇာ တွေးဆဆလေးမေးလိုက်ပြီးမှ စကားဆက်မရှည်ချင်တော့၍ အိမ်ကိုသာပြန်လာခဲ့လိုက်သည်။မကြည်သောစိတ် အစဉ်သည် စိုးရိမ်မှုအသွင်၊ သံသယအသွင် ကူးပြောင်းသွားလေသည်။သူမအနေနှင့် သံသထက် စိုးရိမ်စိတ်တို့သာ ပိုရပါသည်။ သူမဘဝတွင် ဦးရန်နိုင်သည် အချစ်ဦးဖြစ်သည်။ အဆုံးရှုံးမခံနိုင်၍လည်း ရအောင်ယူခဲ့မိသည်။ အစ်ကိုကလဲ သူမကိုချစ်ပါသည်။စည်းစိမ်ဥစ္စာပြည့်စုံသော်လည်း သူမ၏ ခင်ပွန်းနှင့်သားသာမရှိလျှင် သူမအသက်ဆက်ရှင်နိုင်မည်မဟုတ်ပေ။ ဒီကိစ္စကိုသူမစုံစမ်းမှဖြစ်တော့မည်။ အစ်ကို့မှာသာအကယ်၍ လွဲပါစေ ဖယ်ပါစေ ရောဂါတစ်ခုခုရှိနေရင် အမြန်ဆုံးကုသရမည်ဖြစ်သည်။________________________
________________
Thanks for your reading
15.8.2024