'' လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်
ပိတ်ထားပါတယ်ရှင်.. ''ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောဖုန်းထဲမှထို
အဖြေကြောင့်လင်းရှိန်မျက်ခုံးများစုကြုံ့လာရ
တော့၏ ။ မကျေနပ်ရင်ပြောလို့ရတာကို ဒီလူက
။ လင်းရှိန်ဖုန်းကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းဘ
ယ်မှာ သွားရှာရမလဲစဥ်းစားရခက်နေသည် ။ သူ
တို့သိခဲ့ကြတဲ့အချိန်က လင်းရှိန်ထိုလူ့အကြောင်း
တွေသိဖို့မလုံလောက်ခဲ့... ။သူ့အိမ်ကိုလဲသွားရှာပေမဲ့ အမေက သူမနက်ထဲ
ကအိမ်ကထွက်သွားတာ သားငယ်လေးဖုန်းဆက်
မေးကြည့်လေဟုပြောလေသည် ။ သူတို့ကြားက
ပြသနာကပြောပြရင်လဲမကောင်းသောကြောင့်
လင်းရှိန်မှာအောင့်သက်သက်ဖြင့် ဘယ်မှာသွား
ရှာရမလဲဟူသောမေးခွန်းကိုပဲတွေးကာ ရွာလည်
နေရသည် ။ထိုစဥ် လက်ထဲကဖုန်းမြည်သံကြောင့် ဟိုလူများ
လားဟုကြည့်လိုက်မိပေမဲ့ မဟုတ် ။''ဟယ်လို ဒါဒါပြော.. ''
'' ကိုညီ... ကိုဒီယံရှင်းနဲ့တွေ့ပြီးပြီလား ..''
'' ကျစ်! ရှာလို့ကိုမတွေ့သေးဘူး''
'' အယ်.... ဟုတ်လား... ကိုဒီယံရှင်းကို ကိုကိုကြီး
အိမ်မှာ ဒါဒါတွေ့တယ်... '''' သူက ကိုကိုကြီးဆီကိုဘာသွားလုပ်တာလဲ.. ''
'' အဲ့ဒါတော့ ဒါဒါမသိဘူးလေ... ဒါဒါတွေ့လို့
ကိုညီကိုပြောပြတာ.. '''' အင်း ဟုတ်ပြီ... ''
ဒီယံရှင်းနဲ့ ကိုကိုကြီးကြားမှာဘာကိစ္စတွေရှိနေ
တာလဲ... ?.......................................................
'' ဟော... အကိုက ရှင်းခရိိးသွားတာကြာအုံးမယ်
ထင်နေတာ... ''
ကိုစိုင်းက email ဖတ်နေရင်းမှ ရှင်းဘက်ကိုကြည့်ပြီးပြောလာသည်မို့ ပျက်ယွင်းနေသောမျက်နှာကိုထိန်းရင်း'' ဟုတ်တယ်အကို သိပ်မကြာလိုက်တာ... ''
အကို့အမေးနဲ့ ရှင်းအဖြေဟာ အပ်စပ်ပါရဲ့လား
ဆိုတာ ရှင်းမသိပါ ။ ထိုကိစ္စနှင့် ပက်သက်ပြီးရှင်း
ရင်ထဲ၌ တကယ်ကိုစူးနစ်နာကျင်လွန်းရသည်မ
ဟုတ်လား ။