'' မင်းမှားနေပြီ ညီညီရဲ့... ''
စိုင်းဝေယံကို သူ့အရှေ့၌ခေါင်းငိုက်စိုက်နှင့်
ထိုင်နေသော ညီဖြစ်သူကိုကြည့်ပြီးညီးညီး
ငြူငြူပြောလိုက်ခြင်းဖြစ်သည် ။'' မသိဘူး ကိုကိုကြီးရာ... ကျွန်တော်လည်း
ရုတ်တရက်သွေးပူနေတော့.. '''' အေးနေစမ်းပါအုံး မင်းနဲ့ ရှင်းလေးက ဘယ်
လိုသိကြတာလဲ ဘယ်လိုတွေဖြစ်နေကြတာလဲ
ငါ့ကိုလဲရှင်းပြအုံး ''ကိုကိုကြီး၏ ရှင်းလေးဆိုသောစကားက လင်းရှိန်
နားထဲ ကန့်လန့်ကြီး ဝင်လာလေသည် ။'' သူ့ကို အဝေးပြေးလမ်းပေါ်မှာသတိမေ့နေတုန်း
တွေ့ခဲ့တာ အဲ့ဒါနဲ့ကျွန်တော်လဲ ကျတော်ဆီပဲခေါ်
သွားရင်းနဲ့ စခဲ့တာ... '''' ချစ်သူတွေဖြစ်နေပြီလား ''
'' အဲ့လိုဆက်ဆံရေးမျိုးမဟုတ်ပါဘူး''
လင်းရှိန်က မျက်မှောင်ကြီးကြုတ်ပြီးငြင်းလေ
သည် ။''ဒါဆို sex partner လား... ''
'' ကျွန်တော်ပဲ ဇွတ်ယူခဲ့တာ.. ''
''ဟေ... ''
ဒီအဖြေကို ညီညီက မျက်တောင်ပင်မခတ်ပဲရူ့
တည်တည်နှင့်ဖြေလေသည် ။'' ညီညီက gay လား... ''
'' မဟုတ်ဘူး ''
''ဒါဆိုဘာလို့ရှင်းကို အဲ့လိုလုပ်တာလဲကွ..ဟင်''
'' ကျွန်တော် ဘယ်ယောက်ကျားကိုမှစိတ်မပါဖူး
ဘူး... သူ့ကိုကျထိန်းမရတာ... '''' အိပ်ယာပေါ်ကအထိအတွေ့ကိုပဲ ကြိုက်တာ
လား.. ရှင်းကို '''' သူ့ကို အနားမှာရှိနေစေချင်တာ..အဲ့လိုမလုပ်
နေရဘူးဆိုရင်တောင်... ဒါမဲ့သူနဲ့၂ယောက်ထဲ
ရှိရင်ထိန်းမရဘူး... '''' ခဏက ကိုကိုကြီးတို့၂ယောက်ကိုတွေ့တော့
သဝန်တိုသွားတယ်ပေါ့... ''''အွန်း '
အင်းလား အွန်းလား မသဲကွဲသောအသံဖြင့်ပဲ
ဖြေလေသည် ။'' ဒါဆို မင်း ရှင်းလေးကို ချစ်နေတာပဲ... ''
'' အဲ့ဒါတွေ ကျွန်တော်မသိဘူး ဘာဖြစ်ဖြစ်သူ
က ကျွန်တော်လူ... ကျွန်တော်နားမှာပဲရှိရမှာ ''