You.

1.1K 50 2
                                    

10.



မွစာကြဲပြီးပြန့်ကျဲနေတဲ့ပစ္စည်းအပိုင်းအစတွေ။
ကြမ်းပြင်ပေါ်မှာရုန်းရင်းဆန်ခတ်ဖြစ်ရင်း
အော်ဟစ်နေသူမှာတော့ အလူးအလဲ။

တစ်အိမ်လုံးနှံ့နေအောင်ရှာပြီးသွားသော်လည်း
လိုအပ်နေတဲ့အရာကိုရှာမတွေ့တဲ့အခါမှာ
သူ့ဦးခေါင်းအတွင်းပိုင်းထဲကသေမတက်နာကျင်လာတယ်။

တီဗီမှာလာနေတဲ့သတင်းကြေညာသံတွေဟာလည်း
အာရုံထဲစူးနောက်နေပြီး ထပ်နေတဲ့အသံတွေကြောင့်
ဟီဆွန်းနားကိုလက်နှစ်ဖက်လုံးနဲ့အုပ်ထားမိသည်။

မျက်စံတွေနီရဲနေတဲ့ဟီဆွန်းမှာအံကိုတင်းတင်းကြိတ်ပြီး
မဖြစ်ဖြစ်တဲ့အားနဲ့မတ်တပ်ထရပ်လိုက်တယ်။
ပြီးတာနဲ့ဝေဝါးနေတဲ့အာရုံကိုစုစည်းလို့
စားပွဲပေါ်ကကားသော့ဆီတုန်ရီနေတဲ့ခြေလှမ်းတွေနဲ့
မရောက်ရောက်အောင်လှမ်းရတယ်။

ဦးခေါင်းအတွင်းပိုင်းထဲကတဆစ်ဆစ်
နာကျင်နေတဲ့ဝေဒနာကိုအံတုပြီး စားပွဲပေါ်က
ကားသော့လက်ထဲပါလာတာနဲ့ဟီဆွန်း တွေးမိသည်ကတစ်ခုတည်း။

ဆေးရုံကိုဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်ရောက်အောင်သွားရမည်ဆိုတာ။

သေလောက်အောင်နာကျင်နေသည့်တိုင်
ဘယ်လိုခြေလှမ်းတွေနဲ့ ကားပါကင်ကိုရောက်လာခဲ့သလဲမတွေးနိုင်တော့။
ကားတံခါးကိုဇွန်ဘီတစ်ကောင်လို
ယောက်ယက်ခတ်ခတ်နဲ့ဆွဲဖွင့်ပြီးဝင်ထိုင်မိသည်။

အခုလိုအခြေအနေမှာလုံခြုံရေးခါးပတ်ပတ်ဖို့တောင်မတတ်နိုင်တော့။

တဆတ်ဆတ်တုန်ရီနေတဲ့လက်တွေ ၊ နှလုံးခုန်သံတွေ ၊
မကြည်မလင်ဖြစ်နေတဲ့အမြင်အာရုံနဲ့အကြားအာရုံဟာဒွန့်တွဲလျက်။

လမ်းမပေါ်ကဘယ်လိုအရာမှကိုလည်းမမြင်နိုင်တော့သလို
မီးပွိုင့်ဘယ်နှခုလောက်ကိုကျော်ခဲ့ပြီလဲဆိုတာကိုပါမစဥ်းစားနိုင်တော့​ချေ။

လှမ်းမြင်နေရတဲ့ဆေးရုံအဆောက်အအုံဖြူဖြူကို
မြင်ရတော့မှသာတံတွေးမျိုချမိတော့၏။
အရှိန်ပြင်းပြင်းနဲ့တစ်လမ်းလုံးမောင်းလာခဲ့ပြီးဆေးရုံရှေ့ရောက်ကာမှ
ဘရိတ်ဆွဲအုပ်လိုက်တာမို့ ကျွီခနဲကားသံစူးစူးက
သူ့ဝေဒနာအားအထောက်အကူပြုလေသည်။

You're My Blue Wave [𝐇𝐄𝐄𝐇𝐎𝐎𝐍]Where stories live. Discover now