my

278 26 0
                                    

05.




ဒီနေ့တော့ ဆောင်းဟွန်ကလေ့ကျင့်ရတာပင်ပန်းလို့ဆိုပြီး
သူ့အိမ်မှာလာကပ်နေသည်။

သူ့ဆီရောက်ကတည်းက တစ်ချိန်လုံးမြည်နေတဲ့
ဖုန်းတွေကိုလည်းမကိုင်ဘဲ စက်တောင်ပိတ်ထားပြီး
သူ့နားမှာဘဲဆန်မုန့်လေးလို့ကပ်တွယ်နေတာ။

သူ့ကိုစကားထပြောလိုက် ပြောစရာမရှိတော့ရင်
ငြိမ်သွားလိုက် မုန့်တွေယူစားလိုက်နဲ့
အခုတော့သူ့ရင်ဘတ်ပေါ် ခေါင်းတင်ပြီးအိပ်လို့နေသည်။

ဟီဆွန်းလည်းချစ်တာမို့ ဘာမှမပြော။
ဒီအတိုင်းသာလွတ်ထားလိုက်ပြီး ဆံပင်ပျော့ပျော့လေးတွေထဲသာ
လက်ထိုးပြီးဖွနေလိုက်တယ်။

တကယ်ကသူသိပါသည်။
ဆောင်းဟွန်းတစ်ခုခုဖြစ်လာတယ်မှန်း။
မျက်နှာလေးသိပ်မကောင်းဘဲ ဖုန်းပိတ်ထားကတည်းက
သူသိနေတာ။
ထုတ်မေးချင်ပေမယ့် အဆင်မပြေမှာစိုးလို့
ဆောင်းဟွန်ဘက်ကထုတ်ပြောလာတာကိုပဲ
စောင့်ပေးလိုက်ပါတော့မယ်။

ဘာပဲဖြစ်ဖြစ်ဆောင်းဟွန်ကသူ့အပေါ်
စိတ်ပိုင်းဆိုင်ရာအရမှီခိုနေတာမို့
သူ့ဆီပဲရွေးပြီးရောက်လာတာမဟုတ်လား..။


...




သိပ်မူမမှန်တော့ဘူးလို့ဟီဆွန်းသံသယဝင်လာတာက
သူ့အိမ်မှာလာကပ်နေတာ၄ရက်မြောက်နေ့။
ဆောင်းဟွန်မန်နေဂျာဖြစ်သူ အစ်မက
သူ့အိမ်ရှေ့ထိလိုက်လာပြီးပြန်လာခေါ်တဲ့အခါမှာပဲ။

ဒီရက်တွေအတွင်းဘာဖြစ်နေမှန်းတစ်ခွန်းမှမဟဘဲ
သူနဲ့ပျော်ပျော်ပါးပါးသာအချိန်တွေကုန်ဆုံးနေတဲ့
ဆောင်းဟွန်ကြောင့် ဟီဆွန်းပိုပြီးစိတ်ပူလာရတာလေ။

တစ်ခုခုဆိုရင်လည်းပြောပြမှပေါ့။
သူစိတ်မအေးရအောင်လို့
ထိုကောင်လေးကတော့မျက်နှာစူပုတ်ပုတ်လေးနဲ့
လာကြိုသည့်ကားပေါ်တက်သွားလေပြီ။

မလိုက်သွားလို့ကလည်းမရသည့်အခြေအနေမို့နေမယ်။
သူ့ကိုတောင်သွားတော့မယ်လို့ လာမပြောဘဲ
တစ်ခါတည်းကားပေါ်တက်သွားတာဆိုတော့။

ဟီဆွန်းနဲ့လည်းနည်းနည်းပါးပါးရင်းနှီးနေသည့်
ဆောင်းဟွန်၏မန်နေဂျာကတော့ သူ့ကိုလှည့်ကြည့်လာတာမို့
ဟီဆွန်းနှုတ်ဆက်လိုက်ရသည်။

You're My Blue Wave [𝐇𝐄𝐄𝐇𝐎𝐎𝐍]Where stories live. Discover now