blue wave.

430 31 1
                                    

07.




အဲ့ဒီနေ့ကနောက်ဆုံးဖြစ်ခဲ့တယ်။
ဘာမှမဖြစ်သလိုပုံမှန်အတိုင်းနိုးထလာတဲ့ ဆောင်းဟွန်နဲ့
အသည်းကွဲသမားလိုငေးငိုင်နေတဲ့ ဟီဆွန်းတို့ကြား
ပတ်သက်မှုက ထိုဂျယ်ဂျူဒိုခရီးအဆုံးကပဲ
နောက်ဆုံးဖြစ်ခဲ့တယ်။

ဆိုးလ်ကိုပြန်နေတဲ့လေယာဥ်ပေါ်တစ်လျှောက်လုံး
ဟီဆွန်း ဆောင်းဟွန်းလက်တွေကိုတင်းတင်းဆုပ်ကိုင်ထားတယ်။
ဆောင်းဟွန်းနဖူးပြင်ကိုတဖွဖွဖိကပ်နမ်းနေမိတာရောပေါ့။

တကယ်တော့သူဘာဆက်လုပ်ရမှန်းမသိလို့
အခုလိုတွေလုပ်နေမိတာပဲဖြစ်မှာပါ။

အပြာရောင်လေးကခဏအတွက်ပဲ
ဖြစ်ခဲ့သလားလို့တောင်သူတွေးလာမိတယ်။
သူကတော့အမြဲတမ်းရှိစေချင်တာပါ။
ဒါပေမယ့် မရှိပေးနိုင်တဲ့အခုလိုအခြေအနေတွေ
ဖြစ်လာရင်တော့ သက်သက်သာသာနဲ့
လက်လွှတ်ပေးရမယ်ဆိုတာလည်းသူသိပါတယ်။

ချစ်တယ်ဆိုတာနဲ့ပဲ ဒီလက်ကလေးကို
အကြာကြီးဆွဲထားလို့မရမှန်း
နားလည်လိုက်ရတဲ့အခါ
ဟီဆွန်းသက်ပြင်းချမိတော့တာပဲ။

သူ့မှာလည်းအတ္တတွေရှိပေမယ့်
ဆောင်းဟွန်ပျော်မယ်ထင်ရင်ပြီးတာပဲဆိုတဲ့စိတ်နဲ့
အရာအားလုံးကိုသူ့ဘက်ကအရင်စိတ်လျော့ထားလိုက်တော့တယ်။

ဆိုးလ်ကိုရောက်တော့ ဆောင်းဟွန်တိုက်ခန်းဆီရောက်တဲ့အထိ
ဟီဆွန်းပြန်လိုက်ပို့ပေးခဲ့တယ်။ အခုချိန်ထိသူတို့နှစ်ယောက်လုံး
ခွဲရတော့မယ့်အကြောင်းတစ်ခွန်းမှမဟမိသေး။

ဖုံးကွယ်နိုင်လွန်းတဲ့ဆောင်းဟွန်နဲ့
ဟန်ဆောင်ကောင်းလွန်းတဲ့သူက ဒီလမ်းမှာစလွဲတာပဲ။

"ကောင်းကောင်းသွားနော်" ဆိုတဲ့နှုတ်ဆက်စကားလေးနဲ့
ဟီဆွန်း ဆောင်းဟွန်ကိုနမ်းခဲ့တယ်။

ထိုစကားကအိမ်ပြန်ပို့ချိန်တစ်ခဏလေးအတွက်
နှုတ်ဆက်စကားသက်သက်မဟုတ်ခဲ့မှန်း သူ့ကိုယ်သူပဲသိပါလိမ့်မယ်။

ဆောင်းဟွန်ကိုပို့ပြီးပြန်လာတော့
အခန်းထဲမှာခွေခေါက်ပြီးလှဲနေရတာကသူပဲဖြစ်တယ်။

You're My Blue Wave [𝐇𝐄𝐄𝐇𝐎𝐎𝐍]Where stories live. Discover now