are

394 39 0
                                    

02.



အဲ့နောက်ပိုင်း ဟီဆွန်းမြောင်းပေါက်မတက်
သွားလာဖြစ်တဲ့နေရာကထိုစကိတ်ကွင်းကိုပါပဲ။

အကြောင်းအရင်းကလည်းသိသာနေစွာ
စကိတ်စီးဖို့ထက် စကိတ်စီးနေတဲ့ကောင်လေးကို
ကြည့်ဖို့လာတာလို့ပြောရင်ပိုမှန်လိမ့်မည်။

နှစ်ပတ်အတွင်းသူဒီကိုလာနေတာ
ငါးခါအထက်ပင်ပိုနေပြီ။

ဆောင်းဟွန်နဲ့အခါတိုင်းမတွေ့မိပေမယ့်
တွေးမိတဲ့ရံဖန်ရံခါတိုင်းလည်း သူ့ဘက်ကပိုရင်းနှီးမှုရှိအောင်
ကြိုးစားမိသည်။

ဆောင်းဟွန်ကစကားနည်းတယ်လို့ထင်ရပေမယ့်
တကယ်တော့ဦးတည်ရာမရှိတဲ့အကြောင်းအရာတွေကို
ရောက်တက်ရာရာလျှောက်ပြောတတ်ပြီး
ပြောစရာကုန်သွားတာဖြစ်ဖြစ်
စဥ်းစားမရတော့သည့်အခါမျိုးတွေဆိုရင်တော့
ရေခဲတုံးလေးလိုအေးခဲငြိမ်သက်သွားလေ့ရှိသည်။

ပြီးတော့ဆောင်းဟွန်ကသူငယ်ချင်းမရှိတာမို့
သူပြောပြတဲ့ဟာသတွေကို စိတ်ဝင်စားစရာကောင်းသည်လို့လည်း
ချီးကျူးဖူးသဖြင့် သူ့မှာဆောင်းဟွန်နဲ့တွေ့တိုင်း
ရယ်စရာတွေကိုပြောပြနေမိတာကလည်း
အကျင့်လိုလိုပင်ဖြစ်နေပြီ။

အတူရှိနေတဲ့အချိန်ခဏလေးတိုင်းမှာ
ဆောင်းဟွန်ရယ်သံကိုကြားလိုက်ရရင်
သူ့စိတ်တွေအလိုလိုအေးချမ်းသွားတယ်။
သူနဲ့တွေ့ရင်ပျော်အောင်ပဲထားချင်ပြီး
အကြာကြီးလည်းရှိနေချင်ပြန်တယ်။

မတွေ့လိုက်ရတဲ့နေ့တွေဆိုရင် သူ့မှာအိမ်မက်မက်ရတဲ့အထိပင်။

ဘာမိနေတာလဲဆိုတော့
ဆေးမိနေတာလည်းမဟုတ်ဘူး .. ချစ်မိနေတာ။

ကိုယ့်ကိုယ်ကိုယ်အသိဆုံးကကိုယ်တိုင်ပဲမို့
ဟီဆွန်းကကြိုးစားချင်စိတ်လေးရှိနေတယ်။

အဆင့်ပိုတက်မယ်လို့လေ။
အဆုံးထိမဟုတ်ရင်တောင် ခဏလေးဖြစ်ဖြစ်
အချစ်တွေအကုန်လုံးနဲ့ချစ်ပေးခွင့်ရခဲ့မယ်ဆိုရင်ပဲ
ကျေနပ်စရာကောင်းလှပါပြီလို့တွေးထားတာမို့
သေချာပေါက် သူဆောင်းဟွန်နဲ့ဆက်ဆံရေးတစ်ခုကို
တည်ဆောက်နိုင်အောင်ကြိုးပမ်းမှာပင်။

You're My Blue Wave [𝐇𝐄𝐄𝐇𝐎𝐎𝐍]Where stories live. Discover now