ep 3🥀

182 24 11
                                    

ကလေးတွေကိုစာသင်ပြီးတော့ ဆရာထိုင်တဲ့စားပွဲနားကထိုင်ခုံမှာFotသွားထိုင်လိုက်သည်၊ သူရှင်းပြတဲ့သင်ချာပုစ္ဆာကို အာရုံစူးစိုက်ကာတွက်နေကြတဲ့ သူ့ရဲ့ညီငယ်ညီမငယ်တွေကို လှမ်းကြည့်နေခိုက်တခါးပေါက်ကနေ သူတို့ကိုကြည့်နေတဲ့ အမျိုးသားတစ်ယောက်ကို‌ေတွ့တာကြောင့် အလှူရှင်ဖြစ်မည်ဟုတွေးကာ Fotပြုံးပြလိုက်သည် အလှူရှင်တွေဆိုတာ အရမ်းစိတ်ထားကောင်းကြသူတွေပဲမဟုတ်လား

Satangတယောက်သူ့ကိုပြုံးပြလာတဲ့အဖြူလုံးလေးကြောင့် အပျော်ဆုံးလူသားတစ်ယောက်လို သူ့ရင်ထဲကြည်နူးသွားရသည် ၊သူ့မှာပြန်ပြုံးပြဖို့တောင်မေ့နေတဲ့အထိ အဖြူလုံးရဲ့အပြုံးတွေကဖမ်းစားသည်၊သူသတိရစွာပြုံးပြလိုက်တော့ အဖြူလုံးကသူ့ကိုကြည့်မနေတော့ ကလေးတွေဘက်သာကြည့်နေတာကြောင့် မမြင်တော့၊သူကိုပြန်မပြုံးပြလို့ မာနကြီးတယ်များထင်သွားမလား

Fotစာသင်ချိန်တွေပြီးတော့ ဂေဟာမှူးကခေါ်တာကြောင့် ဂေဟာမှူးရှိရာ ကလေးများထမင်းစားရာနေရာသို့ထွက်လာခဲ့လိုက်သည်

သူရောက်တော့ ဂေဟာမှူနဲ့ အမျိုးသားတစ်ယောက်စကားပြောနေတာတွေ့သည်
သူသေချာကြည့်မှခုနက သူပြုံးပြလိုက်တဲ့အမျိုးသားဖြစ်နေသည်

"ဟို အဘ ကျွန်တော်ကိုခေါ်တယ်ဆိုလို့ပါ"

သူပြောလိုက်တော့စကားစဖြတ်ကာဂေဟာမှူးနဲ့ထိုအမျိုးသားကသူ့ကိုလှည့်ကြည့်လာကြသည် သူတို့ဂေဟာကကလေးတွေအကုန် ဂေဟာမှူးကိုအဘလို့ခေါ်ကြသည် ၊အဘကငယ်ငယ်တည်းကပြုစုလာလို့ သူတို့ရဲ့အဖေလိုဘဲဖြစ်နေသည်

"ဟုတ်တယ်သား ဒါကဒီနေ့အလှူရှင်လေ Satangတဲ့ လူလေးဒါက အဘတို့အဆောင်ကစေတနာရှင်ဆရာလေးလေ Fourthတဲ့"

"တွေ့ရတာဝမ်းသာပါတယ်ဗျ
ဒါနဲ့နာမည်လေးကအဆန်းလေးနော်"

အဘကစတင်မိတ်ဆက်ပေးလာတော့ထိုအမျိုးသားကသူ့ကို ပြုံးပြကာလက်ကမ်းပေးလာတာကြောင့် Fotလက်ပြန်ကမ်းကာပြုံးပြလိုက်သည်

"တွေ့ရတာဝမ်းသာပါတယ် ခွန်"

ထိုအမျိုးသားရဲ့နောက်ဆက်တွဲစကားကြောင့် အဘကရှင်းပြလာသည်

မောင့်သက်လည်Where stories live. Discover now